အီစတာမတိုင်မီယူကရိန်းအပစ်အခတ်ရပ်စဲရေး ထရမ့်အစိုးရ မျှော်လင့်
လာမည့် ဧပြီ ၂၀ ရက်တွင် ကျင်းပမည့် အီစတာနေ့ မတိုင်မီ ယူကရိန်း အပစ်အခတ်ရပ်စဲရေး မျှော်လင့်ထားကြောင်းဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ က ဥရောပအရာရှိများကို ပြောကြားခဲ့သည်ဟု Bloomberg က ဖော်ပြ ထားပါသည်။
ဆော်ဒီအာရေးဗီးယား၌ ယူကရိန်းအရေး ဆွေးနွေးရန် ပြင်ဆင်နေကြသည့် အရာရှိအများစုက ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ အချိန်ဇယားသည်ရည်မှန်းချက် ကြီးမားသော်လည်း လက်တွေ့ မဖြစ်နိုင်ကြောင်း ပြောကြား နေကြသည်။
Bloomberg ၏ သတင်းအရင်းမြစ်အရ ဖြစ်နိုင်ခြေအရှိဆုံးမှာ ယူကရိန်း ပဋိပက္ခသည် ယခုနှစ်ကုန်မှ ပြေလည်မှုရရှိနိုင်မည်ဟု ရုရှား နိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဖော်ပြထားပါသည်။
ကိုးကား-TASS
Photo: The Kyiv Independent
MM-News-Category