ဇီဝမျိုးစိတ်များအားထိန်းသိမ်းရန် ကမ္ဘာ့အကြီးဆုံးသစ်တောနှင့် သစ်ပင် မျိုးစိတ်ထိန်းသိမ်းရေးဘဏ် တရုတ်တည်ဆောက်

News Image

  • ဇီဝမျိုးစိတ်များအားထိန်းသိမ်းရန် ကမ္ဘာ့အကြီးဆုံးသစ်တောနှင့် သစ်ပင် မျိုးစိတ်ထိန်းသိမ်းရေးဘဏ် တရုတ်တည်ဆောက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စီမံကိန်းရေးဆွဲကာ စတင် တည်ထောင်ခဲ့သည့် တရုတ်နိုင်ငံ၏ သစ်တောနှင့် သစ်ပင်မျိုးစိတ်များ ထိန်းသိမ်းရေးဘဏ်သည် ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ Xiongan ပြည်နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး ဇီဝမျိုး စိတ်ပေါင်း ၁.၈ သန်းခန့် ကို စုစည်းထိန်းသိမ်းထားနိုင်မည်ဟု မျှော်မှန်း ထားကြောင်း သိရှိရပါသည်။ 

ထိုထိန်းသိမ်းရေးဘဏ်ကို တရုတ်အမျိုးသားသစ်တောဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ပေကျင်းသစ်တောတက္ကသိုလ်က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ထိန်းသိမ်းထားမည့် ဇီဝမျိုးစိတ်ပေါင်း ၁.၈ သန်းခန့်တွင် သစ်ပင်မျိုးစိတ်များ၊ မြက်မျိုးစိတ်များ၊ သဘာဝမဟုတ်ဘဲ လူတို့တီထွင်ဖန်တီထားသည့် မျိုးစိတ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ 

အဆင့်မြင့်အာရုံခံစနစ်များ (Smart Sensor System) နှင့် အလိုအလျောက် ထိန်းသိမ်းမှုနည်းပညာများ အသုံးပြုမည်ဖြစ်သည့်အတွက် ဇီဝမျိုးစိတ်များကို ခေတ်မီဒစ်ဂျစ်တယ်စနစ်ဖြင့် စုဆောင်းသည့်အဆင့်မှ ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးချခြင်းအဆင့်အထိ စီမံ ဆောင်ရွက်ထားနိုင်မည် ဖြစ်ပါသည်။ 

ထိုဇီဝမျိုးစိတ်ထိန်းသိမ်းရေးဘဏ်ကို Xiongan ပြည်နယ်ဘဏ်နှင့် အခြားသော ဘဏ်ခွဲ ၆ ခုတို့မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ပေကျင်းသစ်တောတက္ကသိုလ်၊ တရုတ်နိုင်ငံသစ်တော သင်တန်းကျောင်း၊ တရုတ်နိုင်ငံသိပ္ပံပညာရပ် သင်တန်းကျောင်းတို့မှ သုတေသီများကိုခေါ်ယူပြီး အကြံဉာဏ်ရယူကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ကိုးကား -China Daily