တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာခြင်း နှင့် အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

News Image

  • တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာခြင်းနှင့် အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာပြီး အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း တရုတ်သမ္မတ Xi Jinping က Alibaba စီးပွားရေး လုပ်ငန်းစုကို ပူးတွဲတည်ထောင်ခဲ့သူ Jack Ma အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရှိရသည်။ သမ္မတရှီ သည် အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၊ Great Hall of the People ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်လို၍ ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။ 

အဆိုပါဆွေးနွေးပွဲသို့ Huawei တည်ထောင်သူ Ren Zhengfei၊ Xiaomi တည်ထောင်သူ Lei Jun၊ နာမည်‌ကျော်ကားကုမ္ပဏီဖြစ်သည့် BYD ဥက္ကဋ္ဌ Wang Chuanfu စသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုးကား-CNA