ကမ္ဘာပေါ်တွင် နှစ်အရှည်ကြာဆုံး လက်ထပ်ထိမ်းမြားသူ ဇနီးမောင်နှံအဖြစ် ဘရာဇီးမှ အသက် ၁၀၀ ကျော်အရွယ် အဘိုးအိုဇနီးမောင်နှံက စံချိန်တင်
ဘရာဇီးနိုင်ငံမှ အသက် ၁၀၀ ကျော်အရွယ်ရှိ အဘိုးအိုဇနီးမောင်နှံသည် ကမ္ဘာပေါ်တွင် နှစ်အရှည်ကြာဆုံး လက်ထပ်ထိမ်းမြားသူဇနီးမောင်နှံအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
မန်နိုအယ်အိန်ဂျဲလင်ဒီနိုအမည်ရှိ အဘိုးအိုသည် အသက် ၁၀၅ နှစ်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ မာရီယာ ဒီ ဆူဇာဒီနိုမှာမူ အသက် ၁၀၁ နှစ်ရှိပြီးဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၁၉၄၀ ပြည့်နှစ်တွင် လက်ထပ်ထိမ်းမြားခဲ့ကြသည်။ ယခုအခါ ၎င်းတို့ ထိမ်းမြား ခဲ့သည့် သက်တမ်းသည် ၈၄ နှစ်နှင့် နှစ်လကျော်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဂင်းနစ်စံချိန်အဖွဲ့က ၎င်းတို့နှစ်ဦးအား နှစ်အရှည်ကြာဆုံး လက်ထပ်ထိမ်းမြားသူ ဇနီးမောင်နှံအဖြစ် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန်နိုအယ်အိန်ဂျဲလင်ဒီနိုနှင့် မာရီယာ ဒီ ဆူဇာဒီနိုတို့သည် ၁၉၃၆ ခုနှစ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့၌ သား၊ သမီး ၁၃ ဦး၊ မြေး ၅၅ ဦး၊ မြစ် ၅၄ ဦးနှင့်တီ ၁၂ ဦး ရှိကြောင်းသိရသည်။ ယခင်က နှစ်အရှည်ကြာဆုံး လက်ထပ်ထိမ်းမြားသူ ဇနီးမောင်နှံအဖြစ် စံချိန်တင်ထားနိုင်ခဲ့သူများမှာ ဒေးဗစ် ဂျက်ကော့ ဟေးလားနှင့် ဆာရာ ဒေဗီ ဟေးလားတို့ဖြစ်ပြီး ၎င်းတို့သည် ၁၈၀၉ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ လက်ထပ်ခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal