အာဖဂန်နစ္စတန်နိုင်ငံရှိ ဝန်ကြီးဌာနတိုက်ခိုက်ခံရမှုက ၎င်းတို့လက်ချက်ဖြစ်ဟု IS စစ်သွေးကြွ အဖွဲ့ပြော

News Image

  • အာဖဂန်နစ္စတန်နိုင်ငံရှိ ဝန်ကြီးဌာနတိုက်ခိုက်ခံရမှုက ၎င်းတို့လက်ချက်ဖြစ်ဟု IS စစ်သွေးကြွ အဖွဲ့ပြော

     အာဖဂန်နစ္စတန်နိုင်ငံရှိ ဝန်ကြီးဌာန တစ်ခုအား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS စစ်သွေးကြွအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွအဖွဲ့မှ အသေခံဗုံးခွဲသူများသည် ကဘူးမြို့တော်ရှိ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးနှင့် အိမ်ရာဝန်ကြီးဌာနအတွင်းသို့  ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဝင်ရောက်ရန်ကြိုးပမ်းရာ အစောင့်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ စစ်သွေးကြွများက အသေခံဗုံးခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း လူတစ်ဦးသေဆုံးပြီး  အနည်းဆုံး  သုံးဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အဖွဲ့ အာဏာရလာပြီးနောက် နိုင်ငံအတွင်း၌   အကြမ်းဖက်မှုများ မြင့်တက်လာပြီး IS  စစ်သွေးကြွအဖွဲ့က  နိုင်ငံအတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ပြီး   တာလီဘန်အစိုးရ၏ အုပ်ချုပ်မှုကို   စိန်ခေါ်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း အာဖဂန်နစ္စတန်နိုင်ငံ အတွင်းရှိ ဘဏ်တစ်ခုအား IS စစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခဲ့ရာ   အနည်းဆုံး   လူရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal