ပစိဖိတ်ရေယာဉ်စု၏ တိုက်ပွဲဝင်လေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ရုရှားရေတပ်က ဂျပန်ပင်လယ်အတွင်း၌ စစ်ရေးလေ့ကျင့်
ရုရှားရေတပ်မှ အကြီးစားကမ်းထိုးရေ ယာဉ်တစ်စင်းဖြစ်သည့် Admiral Nevelskoy သည် အရှေ့ပင်လယ် သို့မဟုတ် ဂျပန် ပင်လယ်အတွင်း၌ အမြောက်ပစ်လေ့ကျင့်မှုတစ်ရပ်ကိုလုပ်ဆောင်ခဲ့ကြောင်း Interfax သတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဖော်ပြသည်။
အဆိုပါစစ်ရေး လေ့ကျင့်မှုအတွင်း ရုရှား စစ်ရေယာဉ်သည် ၎င်း၏လေကြောင်း ကာကွယ်ရေး စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက် သရုပ်သကန် အမှန်ဖန်တီးထားသည့် လေကြောင်းပစ်မှတ်များကို အမြောက်ဖြင့်ပစ်ခတ်၍ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရုရှားစစ်ရေယာဉ်ပေါ်မှ စစ်သည်များသည် သရုပ်သကန်အမှန် ဖန်တီးထားသည့် စစ်ကစားနိုင်သော အသေးစား ပစ်မှတ်များကိုပါ ပစ်ခတ်လေ့ကျင့်ခဲ့သည်။
ရုရှားရေတပ်သည် အဆိုပါစစ်ရေး လေ့ကျင့်မှုကိုစီစဉ်ထားသည့် ရုရှား ပစိဖိတ်ရေယာဉ်စု၏ တိုက်ပွဲဝင်လေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Source: Myawady Web Portal
MM-News-Category