အယ်ဂျီးရီးယားက ရုရှား၏ ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်များ လက်ခံရရှိသည့် ပထမဆုံး နိုင်ငံဖြစ်လာမည်
အယ်ဂျီးရီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်များကို လက်ခံရရှိသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည့် အလားအလာရှိသည်။
ရုရှားနိုင်ငံသည် ၎င်းတို့၏ Su-57 တိုက်လေယာဉ်များအနက် ပထမဆုံးအသုတ်အဖြစ် တိုက်လေယာဉ် ခြောက်စင်းကို ၂၀၂၅ ခုနှစ် မကုန်မီ အယ်ဂျီးရီးယားသို့ လွှဲပြောင်းမည်ဖြစ်သည်။
ယခုအခါ အယ်ဂျီးရီးယားနိုင်ငံမှ လေယာဉ်မှူးများသည် ရုရှားနိုင်ငံတွင် တိုက်လေယာဉ် မောင်းနှင်နိုင်ရေးအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
အယ်ဂျီးရီးယားနိုင်ငံသည် Su-57 တိုက်လေယာဉ် ၁၄ စင်းဝယ်ယူရန် ရုရှားနှင့်သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးထားသည်။
Su-57 တိုက်လေယာဉ်များတွင် ဒုံးကျည်များအပါအဝင် အဆင့်မြင့်နည်းပညာသုံး လက်နက်စနစ်များ တပ်ဆင်ထားပြီး အဆိုပါတိုက်လေယာဉ်အား အယ်ဂျီးရီးယားသို့ ရောင်းချခဲ့ခြင်းသည် ရုရှားနှင့် အယ်ဂျီးရီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။
အယ်ဂျီးရီးယား လေတပ်သည် အစဉ်အလာအားဖြင့် ဆိုဗီယက်နှင့် ရုရှားလေယာဉ်များကို အသုံးပြုလျက်ရှိပြီး ယင်းနိုင်ငံသည် MiG-15 တိုက်လေယာဉ်များကို ၁၉၆၂ ခုနှစ်တွင် စတင်လက်ခံ ရရှိခဲ့ကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။
Source: Myawady Web Portal