တရုတ်နှင့် ကွတ်ခ်ကျွန်းစု အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် သဘောတူလက်မှတ်ရေးထိုး

News Image

  • တရုတ်နှင့် ကွတ်ခ်ကျွန်းစု အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် သဘောတူလက်မှတ်ရေးထိုး

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကွတ်ခ်ကျွန်းစု အစိုးရတို့အကြား ပြီးခဲ့သည့် အပတ်တွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး က ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

ကွတ်ခ်ကျွန်းစုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုဖြစ်ပြီး ကွတ်ခ် ကျွန်းစုနှင့် နယူးဇီလန်နိုင်ငံသည် မူလကပင် ဖွဲ့စည်းပုံအခြေခံဥပဒေချင်း ဆက်နွှယ်မှုရှိပါသည်။ ကွတ်ခ်ကျွန်းစုသည် နယူးဇီလန်နိုင်ငံ၏ နယ်ပယ်အစိတ်အပိုင်းတွင် တည်ရှိသော ကျွန်းစု ဖြစ်ပါသည်။ 

ကွတ်ခ်ကျွန်းစုနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် ကွတ်ခ်ကျွန်းစုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေချင်း ဆက်နွှယ်မှုရှိသည့်အနောက်အုပ်စု၊ အမေရိကန်နိုင်ငံ၏ မိတ်ဖက်လည်းဖြစ်သည့် နယူးဇီလန် နိုင်ငံသည် တရုတ်က တောင်ပစိဖိတ်သမုဒ္ဒရာတွင် နေရာယူကြီးစိုးလာမည်ကို စိုးရိမ်ဟန် ပြခဲ့ပါသည်။ 

ထိုလုပ်ငန်းစီမံချက်တွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ရေးသားထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Guo က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ 

ကိုးကား -China Daily

Photo: 1news