ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ထိပ်ဆုံးမှ ဦးဆောင်

News Image

  • ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ထိပ်ဆုံးမှ ဦးဆောင်

ကုမ္ပဏီပေါင်း ၃,၄၆၇ ခုဖြင့် တရုတ်ကုမ္ပဏီများသည် ဥဇဘက်ကစ္စတန် ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များအရ သိရှိရပါသည်။ 

စာရင်းအင်းဌာန၏အစီရင်ခံစာအရ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ လာရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံ ကုမ္ပဏီနှင့် လုပ်ငန်းစုစုပေါင်းသည် ၁၅,၁၆၃ ဖြင့် ပထမနေရာမှ ဦးဆောင်နေပြီး ရုရှားနိုင်ငံက ကုမ္ပဏီပေါင်း ၂,၉၇၃ ခုဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ တူရကီနိုင်ငံက ကုမ္ပဏီပေါင်း ၁,၈၆၉ ဖြင့် တတိယနေရာတွင် ရှိနေကြောင်း သိရှိရ ပါသည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံအထိ လက်ခံသွားမည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Mirziyoyev က ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ 

ကိုးကား -China Daily