ရုရှား-အမေရိကန် သံတမန်တိုးမြှင့်ရန် ဆော်ဒီ၌ သဘောတူ

News Image

  • ရုရှား-အမေရိကန် သံတမန်တိုးမြှင့်ရန် ဆော်ဒီ၌ သဘောတူ

ရုရှားနှင့်အမေရိကန်တို့၏ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုကြောင်း၊ မော်စကိုနှင့် ဝါရှင်တန်တို့ရှိ သံရုံးများ၏ ဝန်ထမ်းအင်အားကို ယခင်ကထက် ပိုမို တိုးမြှင့်လိုကြောင်း ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့၌ ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး အစည်းအဝေးတွင်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက  ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေးလာဗရော့ဖ်ကို ပြောကြားလိုက်ပါသည်။ 

ယူကရိန်းပဋိပက္ခဖြေရှင်းနိုင်ရေး သဘောတူညီချက်ရရှိရန် လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေး မော်စကိုနှင့်ဝါရှင်တန်အကြား သံတမန်များ ပိုမိုခန့်အပ်တာဝန်ပေးရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံမြို့တော်များတွင် သံအမတ်ကြီးများ အပြန်အလှန် အမြန်ဆုံး ခန့်အပ်ရန် သဘောတူညီခဲ့ကြသည်။ 

ကိုးကား- TASS

Photo: CBS News