ရန်ကုန်-တောင်ငူ-မန္တလေးလမ်းပိုင်းမှ နေ့ရထားများဖြစ်သည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့ပြေးဆွဲချိန်ပြောင်းလဲ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ရန်ကုန်-တောင်ငူ-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသည့် အမြန်နေ့ရထားများဖြစ်သော အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့ သည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ပြေးဆွဲချိန်များကိုပြောင်းလဲခဲ့ကြောင်း သိရသည်။
အမှတ်-၁၁ အဆန်နေ့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နေ့လည် ၁ နာရီတွင်ရောက်ရှိမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ည ၆ နာရီ ၄၂ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်-၁၂ အစုန်နေ့ရထားမှာ မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နံ နက် ၁၁ နာရီ ၅၄ မိနစ်တွင်ရောက်ရှိကာ ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ ၅၁ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ၊ ပျဥ်းမနား၊ နေ ပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ ကျောက်ဆည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ခွာချိန်ပြောင်းလဲပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့အား နေ့စဥ်ပြေးဆွဲပေးလျက်ရှိကာ လိုက်ပါစီးနင်းမည့်သူများအနေဖြင့် ရထားလက်မှတ်ခ တစ်ဦးလျင် ရိုးရိုးတန်း (၁၁၀၀၀)ကျပ်၊ အထက်တန်း (၂၁၀၀၀)ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
Source: Popular Myanmar