ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် ဌာနမှ မည်သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါတယ်။
ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးထူထောင်နိုင်ရန်အတွက် ဌာနမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်ပြီး စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့်အလုပ်သမားများ၏ အခက်အခဲများကို တင်ပြစေ၍ လိုအပ်သည်များ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလုပ်ခန့်ထားမှုဆိုင် ရာသဘောတူညီချက် စာချုပ် (EC) အပိုဒ် ၁၇ (က) ပါအတိုင်း အလုပ်ရှင်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အလုပ်သမားများဘက်မှလည်း အပိုဒ် ၁၇(ခ)ပါ အလုပ်သမားများ၏ တာဝန်ဝတ္တရားများနှင့် အပိုဒ် ၁၃ ပါ အလုပ်သမားများ၏ စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အလုပ်ရှင်၊ အလုပ်သမားမျှတသော အလုပ်သမားရေးရာ ကျင့်စဉ်များ ရရှိနိုင်မည် ဖြစ်သည့်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးကောင်းမွန်စေရန် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/