အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဖြင့် အလုပ်သမားများ မည်ကဲ့သို့အကျိုး ကျေးဇူးများရရှိ ခံစားနိုင်ပါသလဲ။
အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းအားဖြင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်များ၊ အလုပ်ချိန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေး အပါအဝင် အခြားလုပ်ငန်းခွင်ဆိုင်ရာ အကျိုးခံစားခွင့်များကို အလုပ်သမားများ ကိုယ်တိုင်ရွေးချယ်ထားသော အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ တစ်ဆင့်လုပ်ငန်းခွင်မပျက် အလုပ်ရှင်နှင့်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အလုပ်ခွင်အတွင်း အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်ရှင်နှင့် အလုပ်သမားများ ကြားညှိနှိုင်းဆွေးနွေးအဖြေရှာ၍ ပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများ လျော့နည်းလာမှာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုပိုင်းမှာ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/