အလုပ်သမားအဖွဲ့အစည်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရမည့် လုပ်ငန်းစဉ်များကိုလည်း သိရှိလိုပါတယ်။
အလုပ်သမားအဖွဲ့အစည်းလျှောက်ထားရာမှာ အခြေခံ၊ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ဆိုပြီး အဆင့်ဆင့် ရှိပါတယ်၊
အခြေခံအလုပ်သမားအဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၄ (က) အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၀ အရ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာ ပုံစံ(၁)၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်း ဆိုင်ရာအချက်အလက်များ ပုံစံ(၂)၊ ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင် အဖွဲ့ဝင်များကသဘောတူကြောင်း လက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ ဥပဒေ ပုဒ်မ ၄ (က) (၂) အရ သက်ဆိုင်ရာလုပ်ငန်းရှိ စုစုပေါင်း အလုပ်သမားများ၏ ၁၀ ရာခိုင်နှုန်းထောက်ခံချက် ပူးတွဲလျက်လျှောက်ထားနိုင်ပါတယ်။
မြို့နယ်အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၄ (ခ) အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၀ အရ အလုပ်သမားအဖွဲ့အစည်းမှတ်ပုံတင်ရန် လျှောက်လွှာ ပုံစံ(၁)၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များ ပုံစံ(၃)၊ ဖွဲ့စည်းပုံစည်းမျဉ်းကိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကသဘောတူကြောင်းလက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့ အစည်း၏ဖွဲ့စည်းပုံစည်းမျဉ်းပူးတွဲလျက်လျှောက်ထား နိုင်ပါတယ်၊
တိုင်းဒေသကြီး/ပြည်နယ်အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပုဒ်မ ၄ (ဂ) အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၀ အရ အလုပ်သမားအဖွဲ့ အစည်းမှတ်ပုံတင်ရန် လျှောက်လွှာပုံစံ(၁)၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များ ပုံစံ(၃)၊ ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သဘောတူကြောင်းလက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပူးတွဲလျက် လျှောက်ထားနိုင်ပါတယ်။
အလုပ်သမားအဖွဲ့ချုပ်ကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပုဒ်မ ၄ (ဃ) အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၁ အရ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာ ပုံစံ(၁)၊ အလုပ်သမားအဖွဲ့ချုပ်ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များပုံစံ (၅-က)၊ ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သဘောတူကြောင်းလက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ဖွဲ့စည်းပုံ စည်းမျဉ်းပူးတွဲလျက် လျှောက်ထားနိုင်ပါတယ်၊
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ပုဒ်မ ၄ (င) အရဖွဲ့စည်းနိုင်ပြီးနည်း ဥပဒေ ၁၁ အရ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာ ပုံစံ(၁)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များ ပုံစံ (၅-ခ)၊ ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သဘောတူကြောင်း လက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပူးတွဲလျက် လျှောက်ထားနိုင်ပါတယ်၊
အခြေခံ၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်းများကို သက်ဆိုင်ရာမြို့နယ် မှတ်ပုံတင်အရာရှိထံတွင် လျှောက်ထားနိုင်ပြီး လျှောက်လွှာတွင် ဖော်ပြရမည့်အချက်များနှင့် ပူးတွဲပါရှိရမည့်အထောက်အထားများ ပြည့်စုံမှန်ကန်မှုရှိပါက အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန်လျှောက်လွှာကို လက်ခံရရှိကြောင်းပြေစာ ပုံစံ(၆) ထုတ်ပေးပါတယ်၊ လျှောက်လွှာတွင်ဖော်ပြရမည့်အချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထားများများ မှန်ကန်ခိုင်လုံခြင်း ရှိ၊မရှိ မှတ်ပုံတင်အရာရှိက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး(တာဝန်ခံ)၏ ကြီးကြပ်စိစစ်မှုဖြင့် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်အရာရှိချုပ်ထံ တင်ပြပါတယ်။ မှတ်ပုံတင်အရာရှိချုပ်က စိစစ်ခွင့်ပြုပါက အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးပါတယ်။
အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ကို မှတ်ပုံတင်အရာရှိချုပ်ထံ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်အရာရှိချုပ်က ပူးတွဲပါအထောက်အထားများ မှန်ကန်ခိုင်လုံမှုရှိပါက ရက်ပေါင်း ၆၀ အတွင်း အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်ပုံစံ (၇) ထုတ် ပေးပါတယ်။
လျှောက်လွှာတွင် ဖော်ပြရမည့်အချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထား များပြည့်စုံမှန်ကန်မှုမရှိပါက လိုအပ်ချက်များကို လုံလောက်သောအချိန်အတွင်း ထပ်မံဖြည့်ဆည်း၍ ပြန်လည်တင်ပြစေပြီး ဥပဒေနှင့်အညီ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/