အစိုးရနှင့် ပုဂ္ဂလိကသင်တန်းကျောင်းများတွင် သင်ကြားပို့ချနေသော သင်တန်းအမျိုး အစား ဘယ်နှစ်မျိုး ရှိပါသလဲ။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု မှတ်ပုံတင် ပေးထားသော သင်တန်းကျောင်းနှင့် မြန်မာနိုင်ငံ အလုပ်သမားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုမှတ်ပုံတင်ပေးထားသော သင်တန်းကျောင်း (၁၁) ကျောင်းတို့မှ သင်ကြားပို့ချနေသောသင်တန်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(၁)အခြေခံဂဟေဆက်သင်တန်း
(၂)အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း
(၃)လေအေးပေးစက်ပြုပြင်/ တပ်ဆင်ခြင်းသင်တန်း
(၄)Air- Compressor ပြုပြင်ထိန်းသိမ်းနည်းသင်တန်း
(၅)Food and Beverage (အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု)
(၆)Waiting Staff (ဟိုတယ်စားပွဲထိုးဝန်ထမ်း)
(၇)Restaurant Service (စားသောက်ဆိုင်ဝန်ဆောင်မှု)
(၈)Room Attendant (အိပ်ခန်းဆောင်ထိန်းသိမ်းရေးဝန်ဆောင်မှု)
(၉)Hotel & Gastronomy Assistant (ဟိုတယ်နှင့် အစားအသောက်ဆိုင်ရာလက် ထောက်)
(၁၀)ဝါးလက်မှုအနုပညာသင်တန်း
(၁၁)ဆောက်လုပ်ရေးလက်သမား
(၁၂)လေအေးပေးစက်ကျွမ်းကျင်သင်တန်း
(၁၃)ဂဟေဆက်ကျွမ်းကျင်သင်တန်း(GMAW၊ GTAW၊ SMAW)
(၁၄)လျှပ်စစ်ကျွမ်းကျင်သင်တန်း
(၁၅)အခြေခံမော်တော်ယာဉ်စက်ပြင်သင်တန်း/ အဆင့်မြင့်မော်တော်ယာဉ်စက်ပြင်သင်တန်း
(၁၆)အထည်ချုပ်သင်တန်း
(၁၇)ပိုက်ပြင်ပိုက်ဆက် (Plumbing & Pipe Fitting)
(၁၈)ပရိဘောဂလက်သမား (Cabinet Maker)
(၁၉)IT နည်းပညာသင်တန်းများ
(၂၀)ဂျပန်ဘာသာစကားသင်တန်းများ
(၂၁)မြေတူးစက်မောင်းသင်တန်း
(၂၂)အရောင်းဝန်ထမ်း (Sale Person)
(၂၃)ငွေစာရင်းကိုင်ဝန်ထမ်း(Cashier)
(၂၄)ရိုးရာလက်နှိပ်ပညာ(Traditional Message)
(၂၅)ဆောက်လုပ်ရေး (လက်သမား၊ ပန်းရံ၊ သံချည်သံကွေး)
(၂၆)အဆင့်မြင့် PLC လျှပ်စစ်သင်တန်း/ အဆောက်အဦလျှပ်စစ်ဒီဇိုင်းသင်တန်း
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/