ဦးစီးဌာန (သို့) NSSA အသိအမှတ်ပြုသင်တန်းကျောင်း လျှောက်ထားရာတွင် မည့်သို့ ကွဲပြားပါသလဲ။ မည်သို့ လျှောက်ထားနိုင်သလဲ။
NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲထားရှိပြီးဖြစ်သည့် အလုပ်အကိုင်အမျိုးအစား (၆၂) မျိုးအတွက် NSSA အသိအမှတ်ပြုသင်တန်းကျောင်း လျှောက်ထား၍ NSSA ကျွမ်းကျင်မှု “စံ” အခြေပြုသင်တန်းများ သင်ကြားနေသော NSSA သင်တန်းကျောင်း အဖြစ် လျှောက်ထားနိုင်ပြီး NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲထား ရှိပြီးဖြစ်သည့် အလုပ်အကိုင်အမျိုးအစား (၆၂) မျိုးတွင် မပါဝင်သော အလုပ်အကိုင်၊ ကျွမ်းကျင်မှု “စံ” သင်ရိုးညွှန်းတမ်းနှင့် ကိုက်ညီမှုမရှိသည့် အလုပ်အကိုင်များ၊ သင်တန်းများ သင်ကြားပို့ချနေသော သင်တန်းကျောင်းများသည် ဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်း လျှောက်ထားနိုင်ပြီး ဦးစီးဌာနနှင့် NSSA အသိအမှတ်ပြု သင်တန်းကျောင်းလျှောက်ထားရာတွင် သတ်မှတ်ချက်အတိုင်း လျှောက်ထားရမည်ဖြစ်ပြီး NSSA နှင့် ဝန်ကြီးဌာန Websiteများဖြစ်သော www.nssa.gov.mm နှင့် www.mol.gov.mm တို့တွင် လျှောက်ထားရန်လိုအပ်သည့် Application Form နှင့် လျှောက်ထားလျှင် လိုအပ်သည့်အချက်အလက်များ၊ လိုက်နာရမည့်ညွှန်ကြားချက်များကို ရယူ လျှောက်ထားနိုင်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/