အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်ပြီးစီးမှုနှင့် ကျွမ်းကျင် လုပ်သားမွေးထုတ်ပေးနိုင်မှုအခြေအနေကို သိရှိလိုပါသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)သည် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အလုပ်အကိုင် (၃) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ကျွမ်းကျင်မှုအဆင့် (၁) (၁၈၄) ခု၊ အလုပ်အကိုင် (၁၅) မျိုးအတွက် ကျွမ်းကျင်မှုအဆင့် (၂) (၃၂)ခု၊ အလုပ်အကိုင် (၁) မျိုးအတွက် ကျွမ်းကျင်မှုအဆင့် (၃) (၁)ခု၊ စုစုပေါင်း ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၁၇)ခုကို တည်ထောင်နိုင်ခဲ့ပြီး အလုပ်အကိုင် (၃၅)မျိုးအတွက် အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား (၂၁,၅၅၅) ဦးကို အသိအမှတ်ပြုလက်မှတ်များပေးအပ်နိုင်ခဲ့ပါသည်။ ၂၀၂၂၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်လုပ်သားများ ထပ်မံမွေးထုတ်နိုင်ရေး အတွက် ဖြေဆိုသူ ၅၀၀၀ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ရေး စီမံချက်ရေးဆွဲ၍ လျာထားချက်အတိုင်း ပြည့်မီအောင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

Question