အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြစ်ပွားပါက ဆောင်ရွက်ရမည့်ဥပဒေ ပြဋ္ဌာန်းထားပါသလား။

အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြားဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန်အတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပါတယ်။ အဆိုပါ ဥပဒေအရ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

Question

အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြစ်ပွားပါက ဆောင်ရွက်ရမည့်ဥပဒေ ပြဋ္ဌာန်းထားပါသလား။