အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုဆိုတာ မည်သည့်အငြင်းပွားမှုဖြစ်ပါသလဲ။
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများ ဖြစ်ပါတယ်။ စုပေါင်းသဘောတူညီချက်နှင့်စပ်လျဉ်းသော အငြင်းပွားမှု၊ အလုပ်သမားဥပဒေပါရပိုင်ခွင့်များနှင့် အကျုံးဝင်မှု မရှိသော်လည်း အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများနှင့် လုပ်ငန်းခွင်ဆက်ဆံရေးနှင့် စပ်လျဉ်းသော အငြင်းပွားမှုများကိုတော့ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
အခွင့်အရေးဆိုင်ရာအငြင်းပွားမှုများကို စည်းကြပ်ဥပဒေအလိုက် သက်ဆိုင်ရာဌာနများ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထားနိုင်ပြီး အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေးယန္တရား အဆင့်ဆင့်ဖြင့် ဖြေရှင်းပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/