၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အာမခံစနစ်များကို သိရှိလိုပါသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင် အာမခံစနစ်(၆)မျိုး ပြဋ္ဌာန်းထားသော်လည်း လက်ရှိအချိန်တွင် (၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် (၂) အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်စသည့် အာမခံစနစ် (၂)မျိုးကိုသာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကျန်အာမခံစနစ်များဖြစ်သည့် မိသားစုထောက်ပံ့မှုအာမခံစနစ်အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ ကျိုးခံစားခွင့် အာမခံစနစ်၊ အခြားလူမှုဖူလုံရေးအာမခံစနစ် (အိမ်ရာစီမံကိန်း) များကိုတော့ ဥပဒေပုဒ်မ ၁၀၀ အရ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရန်ပုံငွေဖူလုံမှုနှင့် လုပ်ငန်းဌာနများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့ကိုလည်းကောင်း၊ ပြောင်းလဲလာသည့် လူမှုရေးလိုအပ်ချက်များကိုလည်းကောင်း၊ နယ်မြေဒေသအလိုက်၊ ဇုန်အလိုက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လည်းကောင်း၊ အခြေပြုပြီး အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/