လက်ရှိကျင့်သုံးနေသော အာမခံစနစ်(၂)မျိုးအရ အလုပ်သမားများခံစားခွင့်ရှိသည့် အကျိုးခံစားခွင့်များကို သိရှိလိုပါသည်။

မည်သည့်အကြောင်းကြောင့်မဆို နာမကျန်းဖြစ်သည့်အခါ အခမဲ့ဆေးကုသမှုခံစားခွင့်ရှိသည့်အပြင် အောက်ပါ ငွေကြေးခံစားခွင့်များကိုလည်း ခံစားခွင့်ရှိပါသည်-
(က) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
(၁) ဆေးကုသမှုခံစားခွင့်၊
(၂) မကျန်းမာမှု အကျိုးခံစားခွင့်၊
(၃) မီးဖွားမှု အကျိုးခံစားခွင့်၊ မီးဖွားစရိတ်၊
(၄) ကိုယ်ဝန်ပျက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊
(၅) တစ်နှစ်အောက် ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်၊
(၆) ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်၊ ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်၊
(၇) အာမခံအလုပ်သမား၏ မွေးကင်းစကလေးအား တစ်နှစ်အထိ ဆေးကုသမှုခံယူခွင့်၊
(၈) မည်သည့်အကြောင်းကြောင့်မဆို သေဆုံးခြင်းအတွက် နာရေးစရိတ်၊
(၉) ဆေးဖိုးခရီးစရိတ်များ ပြန်လည်ထုတ်ပေးခြင်း၊
(၁၀) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရ လပေါင်း (၁၈၀)နှင့် အထက် ထည့်ဝင်ကြေး ပေးသွင်းထားပြီးသူများ
ပင်စင်ယူသည့်အခါ ဆေးကုသမှုဆက်လက်ခံယူခွင့်၊
(ခ) အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်
(၁) ဆေးကုသမှုခံစားခွင့်၊
(၂) ယာယီမသန်မစွမ်းဖြစ်မှု၊ အမြဲတမ်းမသန်မစွမ်းဖြစ်မှုတို့အတွက် ငွေကြေးအကျိုးခံစားခွင့်၊
(၃) အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ ငွေကြေး အကျိုးခံစားခွင့်၊

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

 

Question

လက်ရှိကျင့်သုံးနေသော အာမခံစနစ်(၂)မျိုးအရ အလုပ်သမားများခံစားခွင့်ရှိသည့် အကျိုးခံစားခွင့်များကို သိရှိလိုပါသည်။