လူမှုဖူလုံရေး ထည့်ဝင်ကြေးသက်တမ်းဘယ်လောက်ရှိချိန်တွင် ၎င်းအကျိုးခံစားခွင့်များကို ခံစားနိုင်မည်ကို သိရှိလိုပါသည်။

အလုပ်ရှင်က မိမိလုပ်ငန်းဌာနမှ အလုပ်သမားများအား လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသည်နှင့် ထည့်ဝင်ကြေးကာလအပိုင်းအခြား သတ်မှတ်ချက်မရှိသော်လည်း ဆေးကုသမှုခံစားခွင့်၊ ယာယီမသန်စွမ်းမှုအကျိုး ခံစားခွင့်၊ အမြဲတမ်းမသန်းစွမ်းမှုအကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးရခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်၊ မည့်သည့် အကြောင်းကြောင့်မဆို သေဆုံးခြင်းအတွက် နာရေးစရိတ်တို့ကို ခံစားခွင့်ရှိမည် ဖြစ်ပါသည်။
မှတ်ပုံတင်ကာလ ၆ လ အတွင်း ထည့်ဝင်ကြေးပေးသွင်းသည့်ကာလ ၄ လ ရှိပါက မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့်ကို ရရှိမှာ ဖြစ်ပါသည်။
မှတ်ပုံတင်ကာက ၁၂ လအတွင်း ထည့်ဝင်ကြေးပေးသွင်းသည့်ကာလ ၆ လ ရှိပါက မီးဖွားမှု အကျိုးခံစားခွင့်တွေ ဖြစ်တဲ့ မီးဖွားမှုအကျိုးခံစားခွင့်၊ မီးဖွားစရိတ်၊ ဖခင်ဘဝဖြစ်မှု အကျိုးခံစားခွင့်၊ ဖခင်ဘဝဖြစ်မှု အတွက် မီးဖွားစရိတ်၊ အာမခံထားသူအမျိုးသမီး၏ မွေးကင်းစကလေးအား ဆေးကုသမှုခံယူခွင့်နှင့် အာမခံထားသူ အမျိုးသမီးများ၏ တစ်နှစ်အောက် ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်တို့ကို ရရှိမှာ ဖြစ်ပါသည်။
၂၀၁၂ ခုနှစ် ဥပဒေအရ ထည့်ဝင်ကြေးပေးသွင်းသည့်ကာလ လပေါင်း (၁၈၀) ကျော်ပါက အငြိမ်းစားယူပြီးနောက် ဆေးကုသမှု ဆက်လက်ခံစားခွင့်ကို အငြိမ်းစားဆေးကုသမှုဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ လူမှုဖူလုံရေးအဖွဲ့မှ ဆေးကုသမှုကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်း ကို ကျခံပေးမှာ ဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

လူမှုဖူလုံရေး ထည့်ဝင်ကြေးသက်တမ်းဘယ်လောက်ရှိချိန်တွင် ၎င်းအကျိုးခံစားခွင့်များကို ခံစားနိုင်မည်ကို သိရှိလိုပါသည်။