အာမခံအလုပ်သမားများ ဆေးဝါးကုသမှုခံယူရာတွင် အလုပ်သမားဆေးရုံကြီးနှင့် လူမှုဖူလုံရေး ဆေးခန်းများ၌သာ ခံယူခွင့်ရှိပါသလား။ ၎င်းတို့နှင့် အလှမ်းဝေးကွာသော အရပ်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရေးအတွက် မည်သို့ ဆောင်ရွက်နိုင်ပါသနည်း။
အာမခံအလုပ်သမားများ မကျန်းမာမှု၊ ကိုယ်ဝန်ဆောင်မှု၊ မီးဖွားမှုနှင့် အလုပ်တွင် ထိခိုက်မှုတို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ချိန်များတွင် လူမှုဖူလုံရေးဆေးခန်းများ၊ ဆေးရုံကြီးများ၍ အခမဲ့ ဆေးကုသမှုခံယူခွင့်ရှိပါ သည်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း စီမံဆောင်ရွက်လျက်ရှိပါသည်-
(က) အာမခံအလုပ်သမားများ အလွယ်တကူဆေးကုသမှုခံယူနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊
(ခ ) ထို့အပြင် အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ဆေးကုသသမှုခံယူနိုင်ရေးအတွက် Mobile Medical Unit ဖြင့် အလုပ်ဌာနများအရောက် ကွင်းဆင်း ဆေးကုသပေးခြင်း၊
(ဂ ) တိုင်းရင်းဆေးဖြင့် ဆေးကုသမှုခံယူလိုသော အာမခံအလုပ်သမားများအတွက် တိုင်းရင်းဆေးခန်း (၁)ခန်းအား ဖွင့်လှစ်ပေးထားခြင်း။
အကယ်၍ အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာမြို့နယ် ပြည့်သူ့ဆေးရုံကြီးများတွင် ပြသ၍ ဆေးဝါးကုသမှုခံယူနိုင်ပါသည်။ ပြည်သူ့ဆေးရုံကြီးများသို့ တက်ရောက်ကုသရခြင်းကြောင့် ကုန်ကျခဲ့သည့် ဆေးဖိုး ကုန်ကျငွေများကိုလည်း ပြန်လည်ထုတ်ပေးလျက်ရှိပါသည်။ ထို့အပြင် အာမခံအလုပ်မသားများ ဆေးရုံတက်ကုသရသည့် အခါ မိမိနေထိုင်ရာဒေသမှ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်ရသည့် ဆေးကုသမှု ခရီးစရိတ်ကို အများပြည်သူသုံးယာဉ်စီးခနှုန်းထားများဖြင့် တွက်ချက်၍ ပြန်လည်ထုတ်ပေးလျက်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/