လူမှုဖူလုံရေး အာမခံထားသူ အမျိုးသမီး မီးဖွားမှု အကျိုးခံစားခွင့်နှင့် မီးဖွားစရိတ် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနှင့် လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။

အာမခံထားသူ အမျိုးသမီး မီးဖွားသည့်အခါ မီးဖွားမှုအကျိုးခံစားခွင့်နှင့် မီးဖွားစရိတ်များကို သတ်မှတ်ချက်များနှင့်အညီခံစားခွင့်ရှိပါသည်။ လိုအပ်သည့် အထောက်အထားများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်- 
(က)     အလုပ်ရှင်ထံမှ မီးဖွားကြောင်းထောက်ခံသည့် အကြောင်းကြားစာပုံစံ၊
(ခ)    သက်ဆိုင်ရာ လူမှုဖူလုံရေးဆရာဝန်မှထုတ်ပေးသည့် မီးမဖွားမီနှင့် မီးဖွားပြီး ဆေးလက်မှတ်ပုံစံ၊
(ဂ)  ဆေးရုံ/ ဆေးခန်းကဖြစ်စေ၊ ကျန်းမာရေးဦးစီးဌာနကဖြစ်စေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းကဖြစ်စေထုတ်ပေးသည့် မီးဖွားကြောင်းသက်သေ အထောက်အထား၊
(ဃ)     လူနာ၏ကိုယ်တိုင်ရေးလျှောက်လွှာ၊
(င) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားမူရင်း 
(စ)     ဆေးရုံတက်ရပါက ဆေးရုံတက်ဆင်းလက်မှတ်များ ပူးတွဲတင်ပြရန်၊

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

လူမှုဖူလုံရေး အာမခံထားသူ အမျိုးသမီး မီးဖွားမှု အကျိုးခံစားခွင့်နှင့် မီးဖွားစရိတ် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနှင့် လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။