လူမှုဖူလုံရေး အာမခံထားသူ ဖခင်ဘဝဖြစ်မှုစရိတ်ရရှိရန်အတွက် လျှောက်ထားရမည့်နည်းလမ်းများ နှင့် လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။

လူမှုဖူလုံရေး အာမခံထားသူ အမျိုးသား၏ဇနီး မီးဖွားကြောင်းတင်ပြပါက လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်မှစိစစ်ပြီး ဖခင်ဘဝအကျိုးခံစားခွင့်ဆိုင်ရာ ဆေးသက်သေခံ လက်မှတ်(ဆ-၂)ကို ထုတ်ပေးပါမည်။ ဥပဒေနှင့်အညီခံစားခွင့်ရရှိရေးအတွက် အောက်ပါစာရွက်စာတမ်းများကို မြို့နယ်လူမှုဖူလုံရေးရုံးသို့ တင်ပြရပါမည်-
(က)    ဖခင်ဘဝအကျိုးခံစားခွင့်ဆိုင်ရာ ဆေးသက်သေခံလက်မှတ် (ဆ-၂ခ) ၊
(ခ)    အိမ်ထောင်စုစာရင်းမိတ္တူ၊
(ဂ)  ဇနီးမီးဖွားခဲ့သော ဆေးရုံ/ဆေးခန်းကဖြစ်စေ၊ ကျန်းမာရေးဦးစီးဌာနကဖြစ်စေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းကဖြစ်စေထုတ်ပေးသည့် မီးဖွား ကြောင်း သက်သေအထောက်အထား၊
(ဃ)     အာမခံထားသူ၏ ဇနီးမီးဖွားကြောင်း အလုပ်ရှင်၏ထောက်ခံချက်၊ 

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

လူမှုဖူလုံရေး အာမခံထားသူ ဖခင်ဘဝဖြစ်မှုစရိတ်ရရှိရန်အတွက် လျှောက်ထားရမည့်နည်းလမ်းများ နှင့် လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။