လူမှုဖူလုံရေး အာမခံအလုပ်သမားသေဆုံးလျှင်ရရှိမည့် နာရေးစရိတ် ခံစားခွင့်များ အကြောင်း သိရှိလိုပါသည်။
လူမှုဖူလုံရေးအာမခံအလုပ်သမားတစ်ဦးသည် မှတ်ပုံတင်ပြီးထည့်ဝင်ကြေး မပေးသွင်းပေးနိုင်မီ သေဆုံးပါက မှတ်ပုံတင်စဉ် တင်ပြထားသည့် လစာ၏ တစ်ဆ၊ ထည့်ဝင်ကြေးပေးသွင်းပြီးပါက ထည့်ဝင်ကြေးကာလ အပေါ်မူတည်ပြီး တိုးမြှင့်ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးကို (၆)နှစ် နှင့်အထက် ပေးသွင်းပြီးထားပါက နောက်ဆုံး (၄) လ ပျမ်းမျှ လုပ်ခဝင်ငွေ၏ အများ ဆုံး ၅ ဆ ခံစားခွင့်ရှိသည်။ သို့ရာတွင် နောက်ဆုံး (၄)လ အတွင်း (၃)လသာ ထည့်ဝင်ကြေးရှိပါက အဆိုပါ (၃)လ ၏ ပျမ်းမျှလုပ်ခဝင်ငွေဖြင့်သာ ခံစားခွင့်ရှိသည်။ အကယ်၍ နောက်ဆုံး ၄ လသည် ဆေးခွင့်/ဆေးရုံတက်ကာလဖြစ်ပါက နောက်ဆုံးပေးသွင်းထားသော လစာဖြင့်သာ ခံစားခွင့်ရှိသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question
လူမှုဖူလုံရေး အာမခံအလုပ်သမားသေဆုံးလျှင်ရရှိမည့် နာရေးစရိတ် ခံစားခွင့်များ အကြောင်း သိရှိလိုပါသည်။