လူမှုဖူလုံရေး အာမခံအလုပ်သမားမျာ နာရေးစရိတ်ရရှိရန်အတွက် လျှောက်ထားရမည့်နည်းလမ်းများနှင့်လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။

လူမှုဖူလုံရေး အာမခံအလုပ်သမားများ မည်သည့်အကြောင်းကြောင့်မဆို သေဆုံးလျှင် သက်ဆိုင်ရာလူမှုဖူလုံရေးရုံးတွင် အောက်ပါ အထောက်အထားများနှင့်တကွ နာရေးစရိတ် လျှောက်ထား ခွင့်ရှိပါသည်-
(က)    မိမိအလုပ်သမားသေဆုံးသည်မှာ မှန်ကန်ကြောင်းအလုပ်ရှင်၏ ထောက်ခံစာ၊
(ခ)  ကျန်ရစ်သူမိသားစု၏ နာရေးစရိတ်လျှောက်လွှာ၊
(ဂ)     တာဝန်ခံဆရာဝန်မှ ထုတ်ပေးသည့် ဆေးလက်မှတ် သေစာရင်းပုံစံ၊
(ဃ)    သေဆုံးမှုလက်မှတ် (သို့) ရပ်ကွက်ထောက်ခံစာ၊
(င)    နာရေးစရိတ်ထုတ်ယူသူမှာ မိသားစုဝင်ဖြစ်ကြောင်း(သို့မဟုတ်) နာရေးကိစ္စကို တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထား၊ 

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

Question

လူမှုဖူလုံရေး အာမခံအလုပ်သမားမျာ နာရေးစရိတ်ရရှိရန်အတွက် လျှောက်ထားရမည့်နည်းလမ်းများနှင့်လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။