လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ မိသားစုထောက်ပံ့မှုအာမခံ စနစ် အကျိုးခံစားခွင့်များ ကို သိရှိလိုပါသည်။

နည်း-၁၃၂ (က) အရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် ရန်ပုံငွေသို့ ပညာသင်နှစ်  မစတင်မီ နှင့်  သဘာဝဘေးအန္တရာယ်မကြုံတွေ့မီ  ထည့်ဝင်ကြေးအနည်းဆုံး (၃၆) လ ပေးသွင်းထားသူမှသာ အောက်ပါ အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိပါသည်-
(က)     သားသမီး ပညာသင်စရိတ်။ နောက်ဆုံး (၁၂) လ အတွင်း ရရှိခဲ့သော ပျမ်းမျှ လုပ်ခတစ်လစာ၏ ၁၀% ကို ကလေးတစ်ဦးအတွက် တစ်နှစ်စာ ပညာသင် စရိတ်ခံစားခွင့် ရှိပါသည်။
(ခ)    သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါခံစားခွင့်။ တစ်နှစ်အတွင်းရရှိခဲ့သော ပျမ်းမျှလုပ်ခ တစ်လစာ ၏  ၄၀ % အပြင် အဖွဲ့ကသတ်မှတ်ပေးသော ကယ်ဆယ်ရေးပစ္စည်းများ ခံစားခွင့်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

 

Question

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ မိသားစုထောက်ပံ့မှုအာမခံ စနစ် အကျိုးခံစားခွင့်များ ကို သိရှိလိုပါသည်။