လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦးသည် အလုပ်တွင် ထိခိုက်မှု အကြောင်းနှင့် ရရှိနိုင်သည့် အကျိုးခံစားခွင့်များအကြောင်း သိရှိလိုပါသည်။

လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦးသည် အလုပ်ခွင်အတွင်းနှင့်အလုပ်ခွင်ပြင်ပတွင် အလုပ်ကိုအကြောင်းပြု၍ဖြစ်စေ၊ အလုပ်တာ၀န်နှင့် ဆက်စပ်၍ ဖြစ်စေ၊ အလုပ်ရှင်၏အကျိုးငှာ အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ အလုပ်တာ၀န်ထမ်းဆောင်ရန် အလုပ်ခွင်သို့အသွား သို့မဟုတ် အလုပ်ခွင်မှ အပြန် လမ်းခရီးတွင်ဖြစ်စေဖြစ်ပေါ်သော မတော်တဆထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် အလုပ်နှင့်ဆိုင်သည့် ရောဂါရရှိမှုကိုဆိုသည်။ (လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်းသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခြင်း၊ ဘေးအန္တရာယ် အကာအကွယ်၊ အတားအဆီးပစ္စည်း ကိရိယာများကိုဖယ်ရှားခြင်း (သို့မဟုတ်) အသုံးမပြုခြင်းကြောင့်လည်းကောင်း၊ အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကြောင့်သော်လည်းကောင်းရရှိသည့် ထိခိုက်မှုဒဏ်ရာရခြင်း၊ သေဆုံးခြင်း တို့မပါဝင်ပါ။) (ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ-စ)
အလုပ်တွင်ထိခိုက်မှုဖြစ်ပွားပါက ဒဏ်ရာပျောက်ကင်းသည်အထိ ဆေးကုသမှုအကျိုးခံစားခွင့်၊ ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားပါက ကျန်ရစ်သူမိသားစုအတွက် အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိမှာဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အလုပ်သမားတစ်ဦးသည် အလုပ်တွင် ထိခိုက်မှု အကြောင်းနှင့် ရရှိနိုင်သည့် အကျိုးခံစားခွင့်များအကြောင်း သိရှိလိုပါသည်။