လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ ယာယီမသန်စွမ်းမှု အကျိုး ခံစားခွင့်ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနှင့် လိုအပ်သည့်အထောက်အထားများကို သိရှိလိုပါသည်။
အလုပ်တွင်ထိခိုက်ပြီး ယာယီမသန်စွမ်းမှုဖြစ်၍ အလုပ်မလုပ်နိုင်လျှင် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရရှိရေးအတွက် အောက်ပါအထောက်အထားနှင့်တကွတင်ပြရန် လိုအပ်ပါသည်-
(က) အလုပ်ရှင်၏ အကြောင်းကြားစာ၊
(ခ) ရုံးခွဲတာဝန်ခံ၊ စစ်ဆေးရေးမှူး၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူနှင့် လိုအပ်လျှင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့၏ အလုပ်တွင်ထိခိုက်မှုဖြစ်သည်ကို စစ်ဆေးအတည်ပြု ထားသည့် အတည်ပြုချက်၊
(ဂ) ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်တောင်းဆိုလွှာ၊
(ဃ) သက်ဆိုင်ရာဆရာဝန်မှ ဆေးကုသမှုပေးထားသည့် ယာယီမသန်စွမ်းမှု ဆေးလက်မှတ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question
လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ ယာယီမသန်စွမ်းမှု အကျိုး ခံစားခွင့်ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနှင့် လိုအပ်သည့်အထောက်အထားများကို သိရှိလိုပါသည်။