လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အမြဲတမ်းမသန်စွမ်းမှုအတွက် အကျိုးခံစားခွင့် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများ နှင့် လိုအပ်သည့်အထောက်အထားများကို သိရှိလိုပါသည်။

အလုပ်တွင်ထိခိုက်ပြီး အလုပ်လုပ်နိုင်သည့် အင်အားတစ်စိတ်တစ်ဒေသဖြစ်စေ၊ လုံးဝ ဖြစ်စေ ဆုံးရှုံးခဲ့လျှင် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ကို  သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရရှိရေးအတွက် အောက်ပါအထောက်အထားများဖြင့်တင်ပြရပါမည်-
(က)  အလုပ်တွင်ထိခိုက်မှုကြောင့်ဖြစ်ပေါ်သည့် အမြဲတမ်းမသန်စွမ်းမှု မှန်ကန်ကြောင်း ရုံးခွဲတာဝန်ခံ၊ စစ်ဆေးရေးမှူး၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတို့က       စစ်ဆေးအတည်ပြုထားသည့် အတည်ပြုချက်၊
(ခ)    လိုအပ်လျှင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့၏ အလုပ်တွင် ထိခိုက်မှုဖြစ်သည်ကို စစ်ဆေးအတည်ပြုထားသည့် အတည်ပြုချက်၊
(ဂ)    အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် တောင်းဆိုလွှာ၊
(ဃ)    ဆရာဝန်၏ နောက်ဆုံးဆေးခွင့်ပေးထားသည့် ဆေးစာ၊
(င)     လူမှုဖူလုံရေးဆေးဘက်ဆိုင်ရာခုံအဖွဲ့၏ လုပ်အားဆုံးရှုံးမှု တန်ဖိုးဖြတ် ရာခိုင်နှုန်းသက်သေခံလက်မှတ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

Question

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အမြဲတမ်းမသန်စွမ်းမှုအတွက် အကျိုးခံစားခွင့် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများ နှင့် လိုအပ်သည့်အထောက်အထားများကို သိရှိလိုပါသည်။