အလုပ်ရှင်က အလုပ်သမားတွေအတွက် မှတ်ပုံတင်ပေးထားပြီး ထည့်ဝင်ကြေးများ ပေးသွင်း ထားပါက ထိခိုက်ဒဏ်ရာရသေဆုံးခြင်းအတွက် မည်သည့်လျော်ကြေး၊ နစ်နာကြေးကိုမှ အလုပ်ရှင်က မပေးအပ်ခြင်းကို လူမှုဖူလုံရေးဥပဒေက အကာအကွယ်ပေးနိုင်လား။

လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျူံးဝင်မှတ်ပုံတင်ရမည့် အလုပ်ရှင်တစ်ဦးသည် ၎င်း၏ အလုပ်သမားကို ဥပဒေနှင့်အညီအကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးပေးသွင်း ထားလျှင် အလုပ်ကိုအကြောင်းပြု၍ အလုပ်သမားထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း ဖြစ်ပါက အလုပ်သမားလျော်ကြေးဥပဒေနှင့်အညီပေးလျော်ရခြင်းမှ ကင်းလွတ်ခွင့်ရှိပါတယ်။ လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့်ခွင့်ပြုမှာဖြစ်တဲ့အတွက် အလုပ်သမားအနေဖြင့် အလုပ်ရှင်ထံမှ လျော်ကြေးတောင်းခံခွင့်မရှိပါ။ အလုပ်ရှင်တွေအတွက် လူမှုဖူလုံရေးဥပဒေ ပုဒ်မ-၄၉ နှင့်အညီ အလုပ်သမားလျော်ကြေးမှ ကင်းလွတ်ခွင့်ရှိအောင် ကာကွယ်ပေးထားပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

Question