လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အကျိုးခံစားခွင့်တောင်းဆိုရာတွင် အချိန်ကန့်သတ်ချက်ရှိပါသလား။
အကျိုးခံစားခွင့် တောင်းဆိုရမည့်ကန့်သတ်ချက်တွေကို ဥပဒေပုဒ်မ ၇၃ မှာ တရားဝင်ပြဋ္ဌာန်းထားပါတယ်။ အလုပ်တွင်ထိခိုက်မှုနှင့်ပတ်သက်သည့် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်တွေကို တစ်နှစ်အတွင်း တောင်းခံရန် လိုအပ်သလို အငြိမ်းစားယူပြီး ဆေးကုသမှုဆက်လက်ခံယူခွင့်ကိုလည်း တစ်နှစ်အတွင်း တောင်းဆိုရမှာဖြစ်ပါတယ်။ ကျန်အကျိုးခံစားခွင့်များကို ၃လ အတွင်းတောင်းဆိုရမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့လျှင် အကြောင်းပြချက်ခိုင်လုံပါက အမှုတွဲတစ်ခုချင်းအလိုက် စိစစ်ခွင့်ပြုပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question
လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အကျိုးခံစားခွင့်တောင်းဆိုရာတွင် အချိန်ကန့်သတ်ချက်ရှိပါသလား။