အလုပ်ရှင်တစ်ဦးသည် ၎င်း၏ အလုပ်သမားကို လူမှုဖူလုံရေး ထည့်ဝင်ရန်အတွက် မှတ်ပုံတင်ထားခြင်းမရှိပါက လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်မှုများ ရှိပါသလား။ ရှိခဲ့ရင် ဆောင်ရွက်ခဲ့မှုများအား သိရှိလိုပါသည်။

အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ နယ်မြေအတွင်းမှ လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါတယ်။ အလုပ်ဌာနကို မှတ်ပုံတင်တဲ့အခါ အလုပ်သမားများကိုပါ တစ်ခါတည်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံ တင်ရမှာဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးတိုးတိုင်းလည်း မဖြစ်မနေ ၁၀ ရက် အတွင်း မှတ်ပုံတင်ဖို့လိုပါတယ်။ လူမှုဖူလုံရေးအဖွဲ့မှာမှတ်ပုံတင်ပြီးလျှင် ဥပဒေပါခံစားခွင့်ရှိရန် ဖြစ်ပေါ်သည့်အခါ လူမှုဖူလုံရေးအဖွဲ့က တာဝန်ယူမှာဖြစ်ပြီး မှတ်ပုံတင်ရမည့်ဌာန၊ မှတ်ပုံ တင်ရမည့်အလုပ်သမားကို ဥပဒေနှင့် အညီမှတ်ပုံမတင်ထားလျှင် ဥပဒေပုဒ်မ ၆၉ အရ ထည့်ဝင်ကြေးများ ပြန်လည်ပေးသွင်းရပြီး အလုပ်သမားရထိုက်ခွင့်ရှိသည့် အကျိုးခံစားခွင့်ကိုလည်း အလုပ်ရှင်မှ လူမှုဖူလုံရေးအဖွဲ့ကိုယ်စား ပေးလျော်ရမှာဖြစ်ပါတယ်။ ဥပဒေသစ် ကို အကောင်အထည်ဖော်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ယခုအချိန်ထိ အလုပ်ရှင်မှပေးလျော်ရသည့် အမှု ၂၄ မှု ရှိပြီ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

အလုပ်ရှင်တစ်ဦးသည် ၎င်း၏ အလုပ်သမားကို လူမှုဖူလုံရေး ထည့်ဝင်ရန်အတွက် မှတ်ပုံတင်ထားခြင်းမရှိပါက လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်မှုများ ရှိပါသလား။ ရှိခဲ့ရင် ဆောင်ရွက်ခဲ့မှုများအား သိရှိလိုပါသည်။