လူမှုဖူလုံရေးဥပဒေတွင် အလုပ်ရှင်၊ အလုပ်သမားက ရရှိလစာပေါ်မူတည်၍ လစာ၏ ရာခိုင်နှုန်းအတိုင်း ထည့်ဝင်နေရပါတယ်။ အလုပ်ရှင်ကလစာလျော့၍ သူထည့်ဝင်ရမည့် လစာကိုထည့်နေသော်လည်း အလုပ်သမားကလည်း သူ့သဘောတူညီချက်နှင့်အညီ လစာကို လျော့ပြ၍ ထည့်ဝင်နေခြင်းဖြစ်ပါတယ်။ တစ်ခုခုထိခိုက်မှုရှိမှသာ အလုပ်သမား က သူ့လစာ ဒီလောက်မကရ နေပါတယ်ဟု တိုင်ကြားလာပါက မျှတမှု ရှိ/မရှိ သိရှိလိုပါ ကြောင်း။
လူမှုဖူလုံရေးကို လစဉ်ထည့်ဝင်ကြေး ပေးသွင်းရမည့် တာဝန်သည်အလုပ်ရှင်၏ တာဝန် ဖြစ်ပါတယ်။ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၇နှင့် ၅၀ ၊ နည်းဥပဒေ ၅၄ နှင့် ၅၇ တို့အရ အလုပ်ရှင်သည် လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းရမည့်ထည့်ဝင်ကြေးများကို အလုပ်သမား၏ လုပ်ခလစာမှ ဖြတ်တောက်၍ လူမှုဖူလုံရေးအဖွဲ့သို့ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့မှ ဖွင့်လှစ် ထားသော ဘဏ်စာရင်းသို့ ဖြစ်စေ လစဉ်ပေးသွင်းရန်တာဝန်ရှိပါသည်။ အလုပ်သမားများ၏ လုပ်ခလစာ မှန်မှန်ကန်ကန်ဖြင့် ထည့်ဝင်ကြေးပေးသွင်းရန် အလုပ်ရှင်တွင် တာဝန် ရှိပါသည်။ အကယ်၍ အလုပ်သမားမှ အလုပ်ရှင်၊ အလုပ်သမားသဘောတူညီချက်ဖြင့် လုပ်ခလျော့ပြပါကလည်း ထည့်ဝင်ကြေးပေးသွင်းရန် တာဝန်မှာ အလုပ်ရှင်၏တာဝန် ဖြစ်သောကြောင့် ဥပဒေပုဒ်မ ၆၉ အရ လိုအပ်သည့် အကျိုးခံစားခွင့်ကို အလုပ်ရှင်မှ ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/