လူမှုဖူလုံရေးအာမခံဝင်ထားတဲ့လူတွေကို ဘယ်လိုခံစားခွင့်တွေပေးထားလဲ။ လူမှုဖူလုံရေး အာမခံခံစားခွင့်တွေကို လျှောက်ထားမယ်ဆိုရင် ဘယ်လိုလျှောက်ထားလို့ရနိုင်လဲ။
လူမှုဖူလုံရေးဥပဒေတွင် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့် အလုပ်သမား(၅)ဦးနှင့် အထက် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သော အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်း ဌာန(၁၅)မျိုး ရှိပါတယ်။ အဲ့ဒီလုပ်ငန်းဌာနတွေဟာ လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း (၃၀)အတွင်းမှာ အလုပ်ဌာနကို အရင်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ အလုပ်ဌာနမှတ်ပုံတင် စဉ်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားအားလုံးကိုလည်းမှတ်ပုံတင်ဖို့လိုပါတယ်။ အလုပ်သမားအသစ်ခန့်ပြီးတိုင်းလည်း(၁၀)ရက်အတွင်း မဖြစ်မနေမှတ်ပုံတင်ဖို့လိုပါတယ်။
မှတ်ပုံမတင်မနေရ လုပ်ငန်းဌာနများနှင့် သက်ဆိုင်ခြင်းမရှိတဲ့ အလုပ်သမားများနှင့် အများပြည်သူများအနေနဲ့ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်တွေကို ခံစားချင်တယ်ဆိုရင် အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးတွေကို ကိုယ်တိုင်ပေးသွင်းပြီး မိမိဆန္ဒအလျောက် အကျုံးဝင်မှတ်ပုံတင်နိုင်ပါတယ်။
အလုပ်သမားတစ်ဦးဟာ မှတ်ပုံတင်ပြီးသည် နှင့် လက်ရှိအကောင်အထည်ဖော်နေတဲ့ အာမခံစနစ်ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်(၂)မျိုးကနေ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် (၁၅)မျိုးကို မှတ်ပုံတင်ကာလနှင့် ထည့်ဝင်ကြေးကာလတွေပေါ်မှာမူတည်ပြီးရရှိမှာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/