ကိုဗစ်ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့၏ အလုပ်ရှင်၊ အလုပ်သမားများအပေါ် ဖြေလျော့ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းပြပေးပါ။
လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၀ ကိုကျင့်သုံးပြီး လက်ရှိဆောင်ရွက်နေသည့် အာမခံစနစ်(၂)မျိုးအရ အကျိုးခံစားခွင့်(၁၅)မျိုးကို ခွင့်ပြုလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့မှ အလုပ်ရှင်၊ အလုပ်သမားများအား အခက်အခဲများလျော့ပါးစေရေး ဖြေလျော့ကင်းလွတ်ခွင့်ပြုတာတွေ၊ ထောက်ပံ့မှုပေးခဲ့တာတွေကတော့-
အလုပ်ရှင်အတွက်
(က) Frist wave နှင့်Second wave ကာလများတွင် သတ်မှတ်ကာလအတွင်း ပေးသွင်းရမည့် ထည့်ဝင်ကြေးကို (၃)လ နောက်ကျပေးသွင်းခွင့်၊
(ခ) ကိုဗစ်-၁၉ third wave တွင် သတ်မှတ်ကာလအတွင်း ပေးသွင်းရမည့် ထည့်ဝင်ကြေးကို (၆)လ နောက်ကျပေးသွင်းခွင့်၊
အာမခံအလုပ်သမားများအတွက်
(က) ကိုဗစ်-၁၉ ကာလအတွင်း အာမခံအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ပွားသည့်နေ့မှစ၍ တစ်နှစ်အထိကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဖိုး နှင့် ခရီးစရိတ်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ခ) ကိုဗစ်-၁၉ ကာလအတွင်း first wave တွင် အလုပ်ပိတ်ရက်အသီးသီး အတွက် အာမခံအလုပ်သမားများကို လူမှုဖူလုံရေးထောက်ပံ့မှုအကျိုးခံစား ခွင့် ၄၀%ခွင့်ပြုထုတ်ပေးခြင်း၊ (အလုပ်ဌာန(၉၀၁၈)ရှိ အလုပ်သမား(၈၅၇,၇၆၈)) ဦး အတွက် ငွေကျပ်သန်း ၂၁,၆၂၇.၆၃၉ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ဂ) ကိုဗစ်-၁၉ ကာလအတွင်း second wave တွင် stay at home ကာလအတွက် အာမခံအလုပ်သမားများကို လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြုထုတ်ပေးခြင်း၊ (အလုပ်ဌာန (၉၅၉၇)မှ အာမခံ အလုပ်သမား(၇၇၈,၈၉၆)ဦး အတွက် ခွင့်ပြုငွေကျပ်သန်း ၄၉,၃၉၂.၉၇၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။)
(ဃ) မီးလောင်မှုဖြစ်ပွားသောအလုပ်ဌာနများရှိ အာမခံအလုပ်သမားများ အလုပ် လက်မဲ့ဖြစ်ပွားခြင်းကြောင့် လူမှုဖူလုံရေးထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀% ကို အလုပ်ဌာန (၂၅)ရှိ အာမခံအလုပ် သမား ( ၁၄,၆၀၃) ဦးအတွက် ခွင့်ပြု ငွေကျပ်သန်း ၈၃၄.၉၄၀ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(င) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ် ၁၉ positive အတည်ပြုလူနာနှင့် quarantine လူနာများအတွက် ဆေးသက် သေခံလက်မှတ် ဆ-၁ ထုတ်ပေးပြီး မကျန်းမာမှုအကျိုးခံစားခွင့်အဖြစ် အများဆုံး ၂၆ ပတ်အထိကို လွန်ခဲ့သော ၄ လအတွင်း ပေးသွင်းခဲ့သော ပျမ်းမျှလုပ်ခလစာ၏ ၆၀%ကို အာမခံအလုပ်သမား (၆,၂၅၂) ဦးအတွက် ငွေကျပ် သန်း ၃၇၁.၄၀၉ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(စ) ကိုဗစ်-၁၉ ကာလတွင် လုပ်ငန်းခွင်သို့ သွားရောက်ရန် တားမြစ်ခံခဲ့ရသော ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားခွင့်မစတင်မီ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% အဖြစ် အာမခံအလုပ်သမား (၄,၀၂၈) ဦး အတွက် ငွေကျပ်သန်း ၅၈၅.၄၇၂ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ဆ) ကိုဗစ်-၁၉ ကာလ ၄/၂၀၂၀ လမှ ၁/၂၀၂၃ လအထိ (၃၄)လတာ ကာလ အတွင်း လက်ရှိအကောင်အထည်ဖော်နေသော ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံ စနစ်ပါ အကျိုးခံစားခွင့်(၁၅)မျိုး (ကိုဗစ်-၁၉ကာလအတွင်း လူမှုဖူလုံရေး ထောက်ပံ့မှု အကျိုးခံစားခွင့်မပါ)အတွက် အမှုတွဲပေါင်း ၆၇၁,၅၃၈ မှုအတွက် ငွေကျပ်သန်းပေါင်း ၄၁,၁၆၅.၀၁၉ သန်း ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပါသည်။
(ဇ) လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေကို စတင် ကျင့်သုံးသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (၄/၂၀၂၂ မှ ၁/၂၀၂၃ လအထိ) အာမခံအလုပ်သမားများအတွက် အကျိုး ခံစားခွင့်အမှုတွဲပေါင်း ၃၇ သိန်းကျော်ကို ငွေကျပ်သန်းပေါင်း ၁၇၉,၅၂၂.၂၉၃ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ဈ) နောက်ဆုံးအနေနဲ့ လူမှုဖူလုံရေးစီမံကိန်းနှင့်ပတ်သက်ပြီး အဓိက အသိပေး လိုတာကတော့ လူမှုဖူလုံရေးစီမံကိန်းဆိုတာ “စုပေါင်းခြင်းဖြင့်ဖူလုံအံ့” ဆို သည့် ဆောင်ပုဒ်နှင့်အညီအလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတော်တို့မှ စုပေါင်း အာမခံသော လူမှုရေးအာမခံစနစ်တစ်ခုဖြစ်ပြီး အလုပ်သမားများနှင့် မှီခိုသူ မိသားစုများ လူမှုဒုက္ခကြုံတွေ့ရသည့်အချိန်မှာ ဆေးကုသမှုပေးခြင်း၊ ငွေကြေးအကျိုးခံစားခွင့်တွေ ခွင့်ပြုထုတ်ပေးခြင်းဖြင့် အလုပ်သမားနှင့် မှီခိုသူမိသားစုများကို လူမှုဒုက္ခမှ လျော့ပါးသက်သာအောင် ဆောင်ရွက်ပေး သည့်စီမံကိန်းဖြစ်ခြင်းကြောင့် လူမှုဖူလုံရေးဥပဒေနှင့် အညီအကျုံးဝင်မှတ် ပုံတင်ရမည့် အလုပ်ဌာနများအနေနဲ့ မိမိဌာနကို မဖြစ်မနေမှတ်ပုံတင်ပြီး မိမိဌာနမှာလုပ်ကိုင်နေတဲ့ အလုပ်သမားအားလုံးကိုလည်း မပျက်မကွက် အကျုံးဝင်မှတ်ပုံတင်ရန် လိုအပ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/