အစိုးရဌာနများစွမ်းဆောင်ရည်စိစစ်ရေးဝန်ကြီးဌာန (DOGE) ၏ အံ့အားသင့်ဖွယ် စုံစမ်းစစ်ဆေးမှုအရ အယ်လ်ကေးဒါး၊ တာလီဘန်နှင့် ISIS တို့ကို အမေရိကန်အစိုးရက ကာလကြာရှည်စွာ ငွေကြေးထောက်ပံ့ ခဲ့မှု ပေါ်ပေါက်ခြင်း
အစိုးရဌာနများစွမ်းဆောင်ရည်စိစစ်ရေး ဝန်ကြီးဌာန (DOGE)၏ အံ့အားသင့်စရာကောင်းသော စုံစမ်းစစ်ဆေးမှုအရ အမေရိကန်နိုင်ငံမှ အခွန်ထမ်းများ၏ အခွန်ငွေများသည် USAID မှတစ်ဆင့် အကြမ်းဖက်အဖွဲ့များထံ ဆယ်စုနှစ်များစွာ စီးဆင်းနေကြောင်း ဖော်ထုတ်သိရှိခဲ့ရပါသည်။ နှစ်စဉ် ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်း၊ ငွေသားပို့ဆောင်မှုနှင့် တာလီဘန် “သက်သာချောင်ချိရေး” ပေးချေမှုများကို ပြုလုပ်ခဲ့ကြောင်း လွှတ်တော်အနေဖြင့်လည်း ဝန်ခံခဲ့ပါသည်။
ကာကွယ်ရေးကဏ္ဍစောင့်ကြည့်ကြီးကြပ်ရေးနှင့် အစိုးရဌာနများ စွမ်းဆောင်ရည် စိစစ်ရေးဝန်ကြီးဌာန တို့အနေဖြင့် အသေးစိတ် စစ်ဆေးမှု များကြောင့် လွှတ်တော်အနေဖြင့် အယ်လ်ကေးဒါး၊ တာလီဘန်နှင့် ISIS အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများကို အမေရိကန်အစိုးရက ကာလကြာရှည်စွာ ငွေကြေးထောက်ပံ့ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါသည်။ မကြာသေးမီက လွှတ်တော် ကြားနာပွဲများတွင် ဖော်ထုတ်တွေ့ရှိချက်များတွင် အမေရိကန် အကျိုးစီးပွားကို တိုက်ရိုက်ရန်လိုသော အုပ်စုများထံ USAID နှင့်အခြား လမ်းကြောင်းများမှတစ်ဆင့် အခွန်ထမ်းများ ၏ အခွန်ငွေ ဒေါ်လာများ ရောက်ရှိပုံ အသေးစိတ်ကို ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ကို နှစ်စဉ်ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်းအား ပေးအပ်လျက်ရှိခြင်း။ DOGE၏ အံ့အားသင့်ဖွယ်ကောင်းသော စစ်ဆေးတွေ့ရှိမှုတွင် အမေရိကန်အခွန်ထမ်းရန်ပုံငွေ ဘီလီယံပေါင်း များစွာကို အကြမ်းဖက်အဖွဲ့များထံ လွှဲပြောင်းခဲ့ကြောင်း၊ တာလီဘန် တို့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော်လည်း နှစ်စဉ်ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်းအား ပေးအပ်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်ထဲမှာပင် USAID မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၃၄.၇ သန်း အပါအဝင် အာဖဂန်နစ္စတန်သို့ အမေရိကန်က ဒေါ်လာ ၆၉၇ သန်း ပေးအပ်ခဲ့ပါသည်။
အပတ်စဉ် ငွေသား ပို့ဆောင်မှု၊ အပိုဆောင်းထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း၄၀ မှ သန်း ၈၀ အထိ ငွေသားများအား အာဖဂန်နစ္စတန်သို့ ၇ ရက်မှ ၁၀ ရက်လျှင် ၁ ကြိမ် ပို့ဆောင်လျက်ရှိပြီး ကြီးကြပ်ထိန်းချုပ်မှု ကင်းမဲ့စွာ ပေးအပ်လျက်ရှိပါသည်။
တာလီဘန်များ၏ “သူရဲကောင်းများချမ်းသာကြွယ်ဝရေး” အစီအစဉ်။ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် တာလီဘန် တိုက်ခိုက်ရေး သမားများ၏ မိသားစုများသည် ထောက်ပံ့ကြေးများ လက်ခံရရှိနေသော်လည်း အမေရိကန် သေဆုံးဒဏ်ရာရသူများ၏ မိသားစုများသည် “မည်သည့်အကျိုးမျှခံစားခွင့်မရှိ” ဟု CIA သတင်းပေးသူများထံမှ သိရသည်။
USAID အစီအစဉ်များ အစွန်းရောက်များကို ပိုမိုအားကောင်းစေခြင်း။ “အမျိုးသမီး ပညာသင်ဆု ထောက်ပံ့ကြေး” (တစ်နှစ်လျှင် ဒေါ်လာ သန်း ၆၀) နှင့် “အမျိုးသမီးငယ်များ ဦးဆောင်မှု” (တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀) ကဲ့သို့သော လှုပ်ရှားမှုများကို ခေါင်းစဉ်တပ်၍ ရန်ပုံငွေများသည် ISIS-Khorasan နှင့် ဘိုကိုဟာရမ်တို့နှင့် ချိတ်ဆက်ထားသော အကြမ်းဖက် လေ့ကျင့်ရေးစခန်းများသို့ လွှဲပြောင်းခဲ့ကြောင်း တွေ့ရှိရ ပါသည်။
လွှတ်တော်ကိုယ်စားလှယ် Scott Perry (R-PA) က အောက်လွှတ်တော် ကြားနာမှုအတွင်းတွင် “မိမိတို့၏ ရန်သူများက အမေရိကကို ထိခိုက် စေမည့် နိုင်ငံခြားအကူအညီ အစီအစဉ်ကို ရေးဆွဲခဲ့မည်ဆိုပါက USAID ထက် ပိုထိရောက်သည့် အစီအစဥ်ကို ဖန်တီးနိုင်မည် မဟုတ်ပါကြောင်း” ပြောကြားခဲ့ပါသည်။
စနစ်တကျဖြင့် လွဲမှားမှုများအကြောင်းကို လွှတ်တော်မှ ဝန်ခံမှုများ။ DOGE အစီရင်ခံစာတွင်ပါရှိသည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် USAID သည် လိမ်လည်မှုများဖြင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့မှုဖြစ်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
တာလီဘန်ငွေညှစ်မှု။ တာလီဘန်များသည် USAID မှ ပစ္စည်းပေးပို့မှုများကို အခွန်ကောက်ခံခြင်း၊ ထောက်ပံ့ပစ္စည်းများကို ခိုးယူကာ ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။
ပါကစ္စတန်နိုင်ငံအတွင်းရှိ ဟန်ပြကျောင်းများ။ ၂၀၀၂ ခုနှစ်ကတည်းက ပါကစ္စတန်ရှိ ပညာရေးပရိုဂရမ်များတွင် တည်ဆောက်ခြင်း လုံးဝ မရှိသည့် ကျောင်း ၂၀ အတွက် ဒေါ်လာ၁၃၆ သန်း အပါအဝင် ဒေါ်လာ ၈.၈၄ ဘီလီယံ အသုံးပြုခဲ့ပါသည်။
Haqqani ကွန်ရက်နှင့် & Bin Laden ဆက်နွယ်မှု။ ရန်ပုံငွေများသည် Al-Qaeda နှင့် ချိတ်ဆက်လျက်ရှိသည့် Sarajuddin Haqqani (Haqqani ကွန်ရက် ၏ခေါင်းဆောင်) နှင့် Abdullah Bin Laden (Osama Bin Lade) ၏သား) တို့ထံ ရောက်ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
CIA သတင်းပေးသူ Sarah Adams က “အမေရိကန်များကို တိုက်ခိုက်နေသည့် တာလီဘန်များ၏ မိသားစုဝင်များကို မိမိတို့က ပိုက်ဆံပေးနေ ရချိန်တွင် မိမိတို့၏ စစ်မှုထမ်းဟောင်းမိသားစုများက တန်းစီ စောင့်ဆိုင်းနေကြရပါကြောင်း” အတည်ပြု ပြောကြားခဲ့ပါသည်။
သမိုင်းနောက်ခံ အကြောင်းအရာ။ အကြမ်းဖက်အဖွဲ့များ ဖန်တီးရာ၌ အမေရိကန်၏ အခန်းကဏ္ဍတွင် DOGE စုံစမ်းစစ်ဆေးအရ လုံခြုံရေး အဆင့်လျှော့ချထားသည့် စာရွက်စာတမ်းများအရ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်။
ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း စီအိုင်အေနှင့် မော့ဆက်တို့သည် မူဂျာဟီဒင်အဖွဲ့များ (နောက်ပိုင်း အယ်လ်ကေးဒါး) ကို ရန်ပုံငွေ ထောက်ပံ့ခဲ့သည်။
9/11 နောက်ပိုင်းတွင် ဆီးရီးယားသူပုန်များထံ ပံ့ပိုးပေးခဲ့သည့် လက်နက် များကို ISIS လက်နက်တိုက်များတွင် ပြန်လည် တွေ့ရှိရသည်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့အစည်း (PLO) အား တန်ပြန်ရန်အတွက် ၁၉၈၀ ပြည့်နှစ်များတွင် အစ္စရေးနိုင်ငံက ဟားမက်စ်အဖွဲ့ ဖွဲ့စည်းမှုတွင် ကူညီခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် Perry က “မိမိတို့ကို တိုက်ခိုက်မည့်သူများကို ထောက်ပံ့နေခြင်းပါပဲ” ဟု ပြောကြားခဲ့ပါသည်။
ကိုးကား- DOGE
Photo: Mises Institute