ယခုလအတွင်း ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဘုရားဖူးသူ နှစ်သိန်းကျော်ရှိ

News Image

ယခုလအတွင်း ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဘုရားဖူးသူ နှစ်သိန်းကျော်ရှိ

ကျိုက်ထို   ဒီဇင်ဘာ ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေအထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများစည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခု(ဒီဇင်ဘာလ)တွင် လာရောက်ဖူးမြော်သူ ၂၂၈၉၂၉ ဦးရှိကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက် ထွက်ခွာစနစ်

News Image

ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက် ထွက်ခွာစနစ်

လေကြောင်းစက်မှုလုပ်ငန်းမှာ ပထမဆုံးသော အောင်မြင်မှုတစ်ခုအဖြစ် အလိုအလျောက်ထွက်ခွာစနစ်ကို Embraer က ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်ဟာ ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံးသော အလိုအလျောက် ထွက်ခွာစနစ်လည်း ဖြစ်ပါတယ်။

Embraer ကုမ္ပဏီက သူတို့ရဲ့ E2 အမျိုးအစား ခရီးသည်တင်လေယာဉ်အတွက် အထောက်အပံ့ဖြစ်စေနိုင်ဖို့ အဆင့်မြင့် ထွက်ခွာစနစ်ကို   မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။