ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက် ထွက်ခွာစနစ်

News Image

  • ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက် ထွက်ခွာစနစ်

လေကြောင်းစက်မှုလုပ်ငန်းမှာ ပထမဆုံးသော အောင်မြင်မှုတစ်ခုအဖြစ် အလိုအလျောက်ထွက်ခွာစနစ်ကို Embraer က ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်ဟာ ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံးသော အလိုအလျောက် ထွက်ခွာစနစ်လည်း ဖြစ်ပါတယ်။

Embraer ကုမ္ပဏီက သူတို့ရဲ့ E2 အမျိုးအစား ခရီးသည်တင်လေယာဉ်အတွက် အထောက်အပံ့ဖြစ်စေနိုင်ဖို့ အဆင့်မြင့် ထွက်ခွာစနစ်ကို   မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဒီစနစ်ကိုအသုံးပြုခြင်းအားဖြင့် ခရီးသည်တင်လေယာဉ်ရဲ့ စွမ်းအင်အသုံးပြု မှုကို ပိုမိုတိုးတက်စေနိုင်ပါတယ်။ အဲဒီကနေမှတစ်ဆင့် ခရီးသည်တင်လေယာဉ်ရဲ့ ပျံသန်းနိုင်တဲ့ အကွာအဝေးကို တိုးမြှင့်နိုင်မှာဖြစ်သလို လေယာဉ်ရဲ့ကုန်စည်သယ် ဆောင်နိုင်မယ့်ပမာဏကိုလည်း မြင့်မားစေနိုင်မှာပါ။

ဒါ့အပြင် အခုဒီဇိုင်းက ခရီးသည်တင် လေယာဉ်ရဲ့လှည့်ပတ်မှုနဲ့ လမ်းကြောင်းပေါ်ရောက်ရှိမှုကို မြန်ဆန်စေတဲ့အတွက် ပြေးလမ်းလိုအပ်ချက်ကိုလည်း  လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုးအတွက် တစ်ခုတည်းသော လိုအပ်ချက်က လေယာဉ်ရဲ့အစိတ်အပိုင်းများမှလွဲပြီး ဆော့ဝဲတစ်ခုတည်းကိုသာ အဆင့်မြှင့်တင်ရမှာပါ။     

 Source: Myawady Webportal