ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၅,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလို ဖမ်းဆီးရမိ

News Image

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၅,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလို ဖမ်းဆီးရမိ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံ ကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းလုံဝန်း မောင်းနှင်လာသည့် TOYOTA PROBOX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အံဝှက်များအတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး ကက်တမင်းများအား မိုင်းယန်းမြို့နယ်၊ မိုင်းဖျန်မြို့မှ မြန်မာ-ထိုင်းနယ်စ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၁၀၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

News Image

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၁၀၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာအနီးရှိ ဦးချောက်၏ နေအိမ်တဲကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ  ဒေသကာလတန်ဖိုး ၁၀၅ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ ပြားနှင့် ဘိန်းစိမ်း သုည ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ဦးချောက်(၅၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။