မက်ခရွန်က အမေရိကန်ထုတ်လက်နက်များအပေါ် မှီခိုမှု လျှော့ချရန်အတွက် အီးယူ၌ စည်းရုံးမှုများလုပ်ဆောင်

News Image

မက်ခရွန်က အမေရိကန်ထုတ်လက်နက်များအပေါ် မှီခိုမှု လျှော့ချရန်အတွက် အီးယူ၌ စည်းရုံးမှုများလုပ်ဆောင်

အီးယူသည် အမေရိကန်လုပ်လက်နက်များအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ပြီး အခြားရွေးချယ်စရာများကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားခဲ့ ပါသည်။ မတ်လ ၁၅ ရက်နေ့က ပြင်သစ်မီဒီယာနှင့်အင်တာဗျူးတွင် Macron က အီးယူ၏ လက်နက်တပ်ဆင်ရေး ကြိုးပမ်းမှုများတွင် အဖွဲ့ဝင် နိုင်ငံများသည် “အမေရိကန်မှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း” ကို ရပ်တန့်ပြီး ဥရောပကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများထံမှဝယ်ပါက ပိုမိုထိရောက်မှုရှိမည်ဟု ပြောဆိုလိုက်ပါသည်။ 

ဒူတာတေးကိုဖမ်းဆီးမှု လက်ရှိဖိလစ်ပိုင်အစိုးရပူးပေါင်းပါ၀င်ခဲ့ဟု ICC ဖွင့်ဟမှုအပေါ် ဖိလစ်ပိုင်အစိုးရ ငြင်းဆို

News Image

ဒူတာတေးကိုဖမ်းဆီးမှု လက်ရှိဖိလစ်ပိုင်အစိုးရပူးပေါင်းပါ၀င်ခဲ့ဟု ICC ဖွင့်ဟမှုအပေါ် ဖိလစ်ပိုင်အစိုးရ ငြင်းဆို

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို နိူင်ငံတကာရာဇဝတ်ခုံရုံး ICC ဖမ်းဆီးမှုတွင် လက်ရှိအစိုးရအနေဖြင့် ကြိုတင်သိရှိထားပြီး ညှိုနှိုင်းဆောင်ရွက်တောင်းဆိုထားမှုများရှိကြောင်း ICCမှ ထုတ်ပြန်သည့် စာရွက် စာတမ်းများတွင်ဖော်ပြထားသည်။

အဆိုပါ စာရွက်စာတမ်းများတွင် ဖိလစ်ပိုင်အာဏာပိုင်များနှင့် နိုင်ငံတကာ အေဂျင်စီများအကြား ကြိုတင်ညှိနှိုင်းမှုများ အသေးစိတ်ဖော်ပြထားပြီး အစိုးရအနေဖြင့် ဖမ်းဆီးရန်တောင်းဆိုမှုကို အကြောင်းကြားရုံသာမက လိုက်နာရန်လည်း သဘောတူထားကြောင်း ဖော်ပြသည်။