၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံပြိုင်ပွဲများပြုလုပ်၊ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) နှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းများမှ ထူးချွန်ဆုရ သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါ ပျံသန်း
News Image


တပ်မတော်(ရေ)က ၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၂ ရက်တွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံ ရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လှေလှော်ရွက် တိုက်ပြိုင်ပွဲများကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်း