သွားကျန်းမာရေးအကြောင်းသိကောင်းစရာများ

Posted_Date

Image

သွားကျန်းမာရေး

Body

သွားကျန်းမာရေးမကောင်းတဲ့အခါ သွားဖုံးသွေးယိုတာ၊    သွားပိုးပေါက်ရှိတာ၊ သွားကိုက်တာတွေ ခံစားရနိုင်ပါတယ်။ သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေရှိပါတယ်။

သွားကိုက်တာ၊  သွားဖုံးသွေးယိုတာအတွက်  အိမ်တွင်းနည်းလမ်း တွေရှိပါတယ်။ သွားကိုက်တဲ့အခါတိုင်းမှာ  သွားဖုံးသွေးယိုနေတယ်ဆိုရင်   သွားဖုံးမှာ   အနည်းငယ်ရောင်ရမ်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အောက်ပါသဘာဝနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

လေးညှင်းပွင့်

လေးညှင်းပွင့်က   သွားဖုံးတွေရောင်ရမ်းတာကို  သက်သာစေပြီး သွားဖုံးသွေးယိုတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေးညှင်းဆီကို အနည်းငယ်ယူပြီး သွားဖုံးမှာပွတ်ပေးရင် ဒါမှမဟုတ် လေးညှင်းပွင့်တစ်ပွင့်၊ နှစ်ပွင့်ဝါးစားရင် ရောင်ရမ်းမှုလျော့နည်းပြီး သွားဖုံးသွေးယိုတာ သက်သာစေပါတယ်။

ပင်စိမ်း

ပင်စိမ်းမှာ ရောင်ရမ်းမှုကိုလျော့နည်း‌စေတဲ့ အာနိသင်ရှိလို့ ပင်စိမ်း လက်ဖက်ရည်သောက်ရင်   သွားဖုံးရောင်တာသက်သာစေပါတယ်။ဒါ့ပြင် နာကျင်မှုကိုလည်း လျော့နည်းစေပါတယ်။  ပင်စိမ်းလက်ဖက်ရည်နဲ့လည်း ပလုတ်ကျင်းပေးသင့်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာဆေးဖက်ဝင်အာနိသင်တွေများစွာပါဝင်လို့ သွားဖုံးရောင်ရမ်းတာကိုလျော့နည်းစေပါတယ်။   ရှားစောင်လက်ပပ် အတွင်းသားဂျယ်လီကိုယူပြီး သွားဖုံးပေါ်တင်ပေးရင် မဆိုးရွားတဲ့  သွားဖုံးရောဂါတွေဆိုရင် သဘာဝရှားစောင်းလက်ပပ်အသုံးပြုရုံနဲ့ သက်သာစေနိုင်ပါတယ်။

ပက်ပါမင့်

ပက်ပါမင့်ကိုခံတွင်းအတွက် ထုတ်လုပ်တဲ့ထုတ်ကုန်အတော်များများမှာ ထည့်သွင်းထားကြပါတယ်။ လေ့လာမှုအရ ရေတစ်ဖန်ခွက်ထဲကို ပက်ပါမင့်အဆီအနည်းငယ်ထည့်ပြီး  ပလုတ်ကျင်းပေးရင်  ခံတွင်းမှာရှိတဲ့ ဗက်တီးရီးယားပိုးတွေသေစေနိုင်ပါတယ်။

သွားကြားပွတ်ကြိုး

ကာကွယ်တာက ကုသတာထက်ပိုပြီးထိရောက်မှုရှိပါတယ်။ သွားဖုံး ရောင်ရမ်းတာ၊သွေးယိုတာတွေ မဖြစ်အောင်ကာကွယ်ဖို့ တစ်နေ့ကိုသွားနှစ်ကြိမ်(အိပ်ရာထနဲ့အိပ်ခါနီးတိုင်း)တိုက်သင့်ပါတယ်။ သွားကြားပွတ်ကြိုးတစ်ကြိမ် အသုံးပြုသင့်ပါတယ်။ သွားနဲ့သွားဖုံးရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

တမာ

တမာက ခံတွင်းနံ့ဆိုးကိုပျောက်ကင်းစေလို့ သွားတိုက်ဆေးနဲ့ခံတွင်း သန့်ရှင်းဆေးရည်တွေမှာထည့်သွင်းဖော်စပ်ထုတ်လုပ်ထားကြပါတယ်။    တမာရွက်အနည်းငယ်ကို ဝါးစားနိုင်သလို ပြုတ်ပြီးလည်းတို့စားနိုင်ပါတယ်။

သစ်သီးနဲ့ဟင်းသီးဟင်းရွက်

လတ်ဆတ်တဲ့သစ်သီးနဲ့  ဟင်းသီဟင်းရွက်တွေစားသုံးရင်   ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက သွားနဲ့ခံတွင်းရောဂါမဖြစ်အောင်လည်းကာကွယ်နိုင်ပါတယ်။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်ထဲမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီးကယ်လိုရီပါဝင်မှုနည်းပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ဝါးတဲ့အခါ သွားဖုံးမှာရှိတဲ့သွေးစီးဆင်းမှုကိုကောင်းစေပြီး သွားဖုံးသွေးယိုတာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

လက်ဖက်ဆီ

သွားနဲ့ခံတွင်းပြဿနာတွေမှာအသုံးပြုဖို့ လက်ဖက်ဆီကိုအိမ်မှာ ဆောင်ထားနိုင်ပါတယ်။ သွားဖုံးရောဂါနဲ့ သွားပိုးစားတာတွေအတွက် လက်ဖက်ဆီကိုအသုံးပြုနိုင်ပါတယ်။ ကြက်သီးနွေးရေတစ်ခွက်ထဲလက်ဖက်ဆီနှစ်စက်ထည့်ပြီး ပလုတ်ကျင်းပေးသင့်ပါတယ်။

ဆားရည်နှင့်ပလုတ်ကျင်းခြင်း

သွားဖုံးသွေးယိုတဲ့အခါ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးအိမ်သုံးနည်းလမ်းကဆားရည်နဲ့ ပလုတ်ကျင်းတာ ဖြစ်ပါတယ်။ ကြက်သီးနွေးရေထဲကို ဆားအနည်းငယ်ထည့်ပြီး တစ်နေ့ကို သုံးကြိမ်ပလုတ်ကျင်းပေးသင့်ပါတယ်။ ရေက အရမ်းပူနေတာမျိုးမဖြစ်သင့်ဘဲ နွေးရုံနွေးပြီး ဆားဇွန်း ဝက်ခန့်ပျော်တဲ့ဆားရည်ကို သုံးနိုင်ပါတယ်။

ဆေးလိပ်သောက်တာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင်ရေရှည်သောက်သုံးတာကြောင့်  ခံတွင်းပြဿနာတွေကိုလည်းဖြစ်ပွားစေပါတယ်။ ဆေးလိပ်သောက်တာ ကြောင့်ဖြစ်တတ်တဲ့  သွားပြဿနာတွေက ခံတွင်းနံ့ဆိုးတာ၊ သွားအရောင်မကောင်းတာ၊ တံတွေးဂလင်း ရောင်တာ၊  ဆေးလိပ်ချိုးတွေတက်တာ၊ မေးရိုးသိပ်သည်း ဆလျော့နည်းတာ၊  သွားဖုံးရောဂါဖြစ်နိုင်ခြေ မြင့်မားတာ၊ သွားကျိုးတာ၊ နဲ့တာ၊ အနာကျက်တဲ့ဖြစ်စဉ်ကိုနှေးစေတာ၊ သွားတုစိုက်ရာမှာ အောင်မြင် နိုင်ခြေနည်းတာ၊  ခံတွင်းကင်ဆာဖြစ်နိုင်ခြေမြင့်မားတာတို့ ဖြစ်စေနိုင် ပါတယ်။

သွားရောဂါတွေကို ဆက်စပ်ကြည့်ရင် ဆေးလိပ်သောက်သုံးပါက အရိုးနဲ့သွားမှာတွယ်ကပ်နေတဲ့ တစ်သျှူးတွေကို လျော့ရဲသွားစေတယ်။ ဆေးလိပ်သောက်တာက သွားဖုံးမှာရှိတဲ့တစ်သျှူးတွေရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်‌စေပြီး ပိုးမွှားတွေပေါက်ပွားမှုကို အားပေးပါတယ်။ သွားဖုံးတစ်သျှူးတွေဆီကို  သွေးထောက်ပံ့မှုကန့်သတ်လိုက်တာကြောင့် အနာကျက်နှေးပြီး ပျက်စီးစေပါတယ်။

ဆေးပြင်းလိပ်သောက်တာနဲ့  စီးကရက်သောက်တာ အန္တရာယ်ပေး နိုင်တာချင်းမကွာခြားပါဘူး။ လေ့လာမှုတွေအရ ဆေးပြင်းလိပ်သောက်တာက စီးကရက်သောက်သုံးသူတွေထက် သွားရဲ့အခြေမှာရှိတဲ့အရိုးနဲ့သွားတွေဆုံးရှုံးနိုင်ခြေပိုများနိုင်ပါတယ်။ ဆေးပြင်းလိပ်သောက်တာက   ခံတွင်းပြဿနာတွေဖြစ်တဲ့  အနံ့ဆိုးထွက်တာနဲ့ သွားအရောင်မလှတာစတာတွေဖြစ်စေပါတယ်။

ဆေးရွက်ကြီးထုတ်ကုန်တွေက အန္တရာယ်မကင်းပါဘူး။ ဆေးရွက်ကြီးထုတ်ကုန်တွေကိုအသုံးပြုရင်  သူ့ထဲမှာပါဝင်တဲ့ဓာတုပစ္စည်း  ၂၈ မျိုးက ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာတွေနဲ့  ဆက်စပ်နေပါတယ်။  အစာရေမျိုကင်ဆာနဲ့လည်း ဆက်စပ်နေပါတယ်။   ဆေးရွက်ကြီး ဝါးတာက    စီးကရက်ထက်  နီကိုတင်းဓာတ်ပိုမိုရရှိတာကြောင့်စွဲလမ်းမှုလည်းပိုများစေပါတယ်။  ဆေးရွက်ကြီးတစ်ကြိမ်ဝါးတာက စီးကရက်အလိပ်  ၆၀  သောက်တာနဲ့ညီမျှတဲ့  နီကိုတင်းဓာတ်ကိုရရှိ‌စေပါတယ်။

ဆေးရွက်ကြီးဝါးတာကြောင့်  သွားဖုံးတွေ  ထိခိုက်ပျက်စီးစေပါတယ်။ သွားအမြစ်တွေနဲ့လည်း ထိတွေ့တာကြောင့် သွားတွေဆုံးရှုံးနိုင်ခြေလည်းပိုများပါတယ်။ ပူတဲ့အရည်၊ အေးတဲ့အရည်တွေသောက်တဲ့အခါ သွားကမခံနိုင်တာတွေဖြစ်နိုင်ပါတယ်။

ကွမ်းစားခြင်းက သွားနဲ့ခံတွင်းဆိုးကျိုးဖြစ်စေပါတယ်။ အံသွားတွေ အရောင်ပြောင်းစေတယ်။  ကွမ်းစားတာက  ဆေးရွက်ကြီးတွေ၊   မဂ္ဂနီ စီယမ်တွေမပါရင်တောင်  အစာရေမျိုကင်ဆာဖြစ်စေတယ်။  ကွမ်းသီး မှာပါတဲ့  Alkaloid   နဲ့  ပိုလီဖီနောတို့က ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ ကွမ်းစားပါများတဲ့အခါ ခရိုမိုဆုမ်းတွေ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်နိုင်ခြေများလာပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို ပုံမှန်ထက်ပို များစေပါတယ်။  ကွမ်းစားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ထုံးနဲ့ကွမ်းသီးတို့ပေါင်းစုသွားတဲ့အခါ ခံတွင်းကင်ဆာဖြစ်နိုင်ခြေတိုးစေပါတယ်။

ကွမ်းစားတာကြောင့် စကားပြောဆိုရာမှာ အခက်ကြုံတာ၊ အပူဒဏ်၊အအေးဒဏ်နဲ့  အရသာပြင်းတာတွေကို  ခံနိုင်စွမ်းလျော့ကျလာတာ၊သွေးတိုးတာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်ဖိစီးတာ၊အာရုံစိုက်နိုင်စွမ်းလျော့နည်းတာ၊  ကောင်းကောင်းအိပ်မပျော်တာတွေ  ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါ ပီ‌ကေ၊ ချိုချဉ်ဝါးပြီး ဆေးလိပ်ဖြတ်နိုင်ပါတယ်။ ကွမ်းကိုအကြာကြီးငုံတာမျိုး၊ အများကြီးစားတာမျိုးက လျှာကင်ဆာ၊ပါးစောင်ကင်ဆာ၊ ခံတွင်းကင်ဆာဖြစ်‌စေပြီး အော့အန်တာ၊ ဝမ်းလျှော တာ၊ တံတွေးအထွက်များတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူနှုန်းနှေး တာ၊ နှလုံးရပ်တာ သေဆုံးတဲ့အထိဖြစ်နိုင်လို့ ဆေးလိပ်နဲ့ ကွမ်းကိုရှောင် ကြဉ်သင့်ပါကြောင်း သွားကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရေးသားလိုက်ရပါတယ်။    

Source- Myawady Webportal

Image- Hello ဆရာဝန်