နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ

News Image

  • နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာယာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။ 

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာများအတွင်း ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း မရှိကြောင်း ၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်းသတင်းရရှိသည်။

Source : (၂၆-၁၂-၂၀၂၄) ရက်နေ့ထုတ် မြဝတီနေ့စဉ်သတင်းစာ