ဘုတလင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဘေးရှောင်တဲများနှင့်ဆိုင်ကယ်များကို အကြောင်းမဲ့မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ

News Image

  • false news

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဘေးရှောင်တဲများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခြင်းများမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများကသာ ၎င်းတို့နှင့် အမြင်မတူသည့် ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများ၊ ဒေသခံပြည်သူများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာ/ရပ်ကွက်များအား မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ်သည်ဟု ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Source: moi.gov.mm