အမေရိကန်တွင် သမ္မတအဖြစ်ဒေါ်နယ်ထရမ့်ပြန်လည် တက်ရောက်လာပြီးနောက် နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်ဆိုပါက ကနေဒါနိုင်ငံက တန်ပြန်အခွန် တိုးမြှင့်ကောက်ခံမှုများနှင့် အသင့်ပြင်ဆင်ထားကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ပြောကြားခဲ့ကြောင်းသိရသည်။

ကနေဒါအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး အငြင်းပွားမှုဖြစ်ပွားမည်ကို လိုလားခြင်းမရှိကြောင်း၊ သို့သော် ထရမ့်အစိုးရသစ်အနေဖြင့် ကနေဒါနိုင်ငံမှ တင်ပို့သည့် ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဆိုပါက အမေရိကန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံ၍ တုံ့ပြန်မည်ဖြစ်ကြောင်း ထရူးဒိုး က MSNBC သတင်းဌာနသို့ ပြောကြားစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အခြားနိုင်ငံများထက် ပိုမိုဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ် ပထမ ၁၁လအတွင်းမှာပင် ဒေါ်လာ ၃၂၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက် များတွင် ဖော်ပြထားသည်။ အဆိုပါ ကာလအတွင်း အမေရိကန်၏ ကနေဒါနှင့် ကုန်သွယ်မှုတွင် လိုငွေပြငွေ ဒေါ်လာ ၅၅ ဘီလီယံရှိကြောင်း သိရသည်။
ထရမ့်အစိုးရသည် ၂၀၁၈ခုနှစ်တွင် ကနေဒါနိုင်ငံမှ သံမဏိထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ရာ ကနေဒါအစိုးရကလည်း တုံ့ပြန်သည့်အနေဖြင့် အိမ်သုံးပစ္စည်းများ၊ ဝီစကီနှင့် လှေများအပါအဝင် အမေရိကန်မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ထရမ့်သမ္မတအဖြစ် ယခုလအတွင်း တက်ရောက်လာပြီးနောက် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံရန် အမေရိကန်အစိုးရက စဉ်းစားလျက်ရှိကြောင်း သိရသည်။
Source: Myawady Web Portal

Apple ကုမ္ပဏီမှ ထုတ်လုပ်မည့် အလွယ်တကူခေါက်နိုင်သည့် iPhone 17 Air သည် ယခု ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်ခန့်မှသာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
နည်းပညာဈေးကွက်အတွင်းမှ သတင်းများအရ iPhone 17 Air သည် သာမန်စမတ်ဖုန်းများထက် ပိုမိုပါးလွှာပြီး ဖုန်း၏ အပါးလွှာဆုံးအပိုင်းမှာ ၅.၅ မီလီမီတာသာ ရှိသည်ဟုဆိုသည်။

ထို့ပြင် ကုမ္ပဏီအနေဖြင့် iPhone အသစ်များ ထုတ်လုပ်ခြင်းဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းရောင်းချမှုကို ပြန်လည်အားကောင်းလာစေရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။
Apple ကုမ္ပဏီသည် ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော်လည်း ခေါက်နိုင်သည့် စမတ်ဖုန်းများ ထုတ်လုပ်မှုတွင် Samsaung နှင့် Huawei တို့ထက် နောက်ကျလျက်ရှိသည်။
Samsung နှင့် Huawei ကုမ္ပဏီတို့က အဆိုပါခေါက်နိုင်သည့် စမတ်ဖုန်းများကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ထုတ်လုပ်ထားနိုင်သည်။
Samsaung ကုမ္ပဏီသည် ထိုသို့သော ခေါက်နိုင်သည့် ဖုန်းများကို လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ထုတ်လုပ်ထားပြီး ဖြစ်သည်။
ထို့ကြောင့် Apple ကုမ္ပဏီ၏ iPhone 17 Air သည် လက်ရှိတွင် စီစဉ်ထားသည့် အဆင့်တွင်သာရှိနေဆဲဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်ခန့်မှသာ ထွက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူနှင့် အကဲဖြတ်စိစစ်သူတစ်ဦးဖြစ်သူ မင်းချီကော့နှင့် အခြားနည်းပညာ ကျွမ်းကျင်သူများက ပြောသည်။
N.A
Source: မြဝတီသတင်းစာ

ကဘူးလ် ဇန်နဝါရီ ၁၃
အာဖဂန်နစ္စတန်နိုင်ငံ၌ အသားနှင့် ဥများထုတ်လုပ်ရာတွင် ဖူလုံမှုရှိစေရေးအတွက် အကူအညီပေးရန် ကြက်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ရှိတွင် ကြက်မွေးမြူရေးခြံ ၁၅၀၀၀ ကျော်ရှိပြီး ပုဂ္ဂလိကလုပ်ငန်းများ၏ ကြက်မွေးမြူရေးကဏ္ဍအတွင်း အမေရိကန်ဒေါ်လာတစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဇန်နဝါရီ ၁၂ ရက်က မစ်ဘာ့ဟတ်ဒင် မတ်စ်တင်း၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာ တိုလိုနယူးစ်က ဖော်ပြထားသည်။ ဝန်ကြီးဌာနက ကြက်မွေးမြူသူများကို ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Source: မြန်မာ့အလင်းသတင်းစာ

အဒစ်အဘာဘာ ဇန်နဝါရီ ၁၂
အီသီယိုးပီးယားနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံ၏ ပထမဆုံး စတော့ရှယ်ယာဈေးကွက်ကို ဇန်နဝါရီ ၁၀ ရက်က ဝန်ကြီးချုပ် အာဗေအာမက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် စတော့ရှယ်ယာဈေးကွက်သည် နိုင်ငံစီးပွားရေးအတွက် သမိုင်းဝင်အောင်မြင်မှုဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

ယခု ဆောင်ရွက်ချက်သည် နိုင်ငံစီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍမြှင့်တင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်ကို အားဖြည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဖွင့်လှစ်သည့် စတော့ရှယ်ယာဈေးကွက်က အကူအညီများပေးအပ်မည်ဖြစ်ကာ နိုင်ငံအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် အားဖြည့်ပေးမည်ဖြစ်ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

အကောက်ခွန်အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် ရုရှားအကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၄၄ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။
တရုတ်နှင့်ရုရှားအကြား ကုန်သွယ်မှုတန်ဖိုးသည် ယမန်နှစ်က စံချိန်တင်မြင့်မားလာခဲ့ကြောင်း တရုတ်အကောက်ခွန်အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံသို့ တရုတ်ပို့ကုန် ၄ ရာခိုင်နှုန်း တိုးလာခြင်းကြောင့် ကုန်သွယ်မှုတန်ဖိုး ယွမ် ၁.၇၄ ထရီလီယံ (ဒေါ်လာ ၂၄၄.၈ ဘီလီယံ) ရှိခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး (GACC) က ဇန်နဝါရီ ၁၃ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ယေဘုယျအားဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် တစ်နှစ်ထက် တစ်နှစ် ၁.၉% တိုးတက်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် တရုတ်နှင့်ရုရှားနှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ဒေါ်လာ ၂၄၀ ဘီလီယံအထိ ရှိလာ ခဲ့ပြီး ၂၆.၃% တိုးတက်ခဲ့သည်။ အဆိုပါ ကိန်းဂဏန်း များသည် ရုရှား၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၄ နှစ်ဆက်တိုက် တရုတ်နိုင်ငံ၏ရပ်တည်မှုကို ခိုင်မာစေ ခဲ့သည်။
“ရုရှား-တရုတ် စီးပွားရေးဆက်ဆံမှုတွင် ကောင်းမွန်သည့် အလားအလာရှိကြောင်း မိမိအနေဖြင့် ယုံကြည်ကြောင်း”ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။
တရုတ်သမ္မတ Xi Jinping သည် ယခုလအစောပိုင်းက ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းတွင် အလားတူအမြင်ကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံသည် ကောင်းမွန်သည့် ပေါင်းစည်းဆက်ဆံမှုနှင့်အတူ ရှေ့ဆက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီ သည် ယခုနှစ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဒီဇင်ဘာ နှောင်းပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ မော်စကိုသံအမတ်ကြီးက အတည်ပြုခဲ့သည်။
ရုရှားနှင့်ကုန်သွယ်မှုတိုးလာမှုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းတန်ဖိုး စံချိန်တင်မြင့်တက်ခဲ့သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအလုံးစုံတိုးလာမှု၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ GACC ၏ အဆိုအရ နိုင်ငံ၏စုစုပေါင်းကုန်ပစ္စည်း တင်သွင်းမှုနှင့်ပို့ကုန်သည် ပြီးခဲ့သည့်နှစ်တွင် အကြမ်းဖျင်းအားဖြင့် အမေရိကန် ဒေါ်လာ ၆.၁ ထရီလီယံ အထိရှိခဲ့ပြီး ယခုနှစ်တွင် ၃.၈ ရာခိုင်နှုန်းတိုးတက်လာကြောင်း ဖော်ပြထားပါသည်။
ကိုးကား-RT

ရုရှားနိုင်ငံတွင် ခရီးသည်တင်မော်တော်ယာဉ် ရောင်းချရမှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အစီးရေ ၁ ဒသမ ၅၇၁ အထိရောက်ရှိလာခြင်းကြောင့် ၄၈ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက ထုတ်ပြန်သည်။

ရောင်းချခဲ့ရသည့် မော်တော်ယာဉ်များအနက် ရုရှားပြည်တွင်းဖြစ် ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Lada မှ ထုတ်လုပ်သည့် မော်တော်ကားအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၄၃၆၁၅၅ စီးရောင်းချခဲ့ရာ ယခင်ကထက် ၃၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာသည်။ အဆိုပါကုမ္ပဏီ၏ ဈေးကွက်ထိန်းချုပ်မှုနှုန်းမှာလည်း ၂၈ ရာခိုင်နှုန်းအထိမြင့်တက်လာသည်။
ရုရှားနိုင်ငံအတွင်း ရောင်းချခဲ့ရသည့် ပြည်ပထုတ် မော်တော်ယာဉ်များအနက် တရုတ်နိုင်ငံ၏ Haval အမျိုးအစားသည် အထင်ရှားဆုံးဖြစ်သည်။ အဆိုပါကားကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်တစ်နှစ်တည်းမှာပင် မော်တော်ယာဉ် အစီးပေါင်း နှစ်သိန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး ရောင်းအားမှာ ယခင်ကထက် ၇၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာသည်။
ထို့ပြင် အခြားတရုတ်ကားကုမ္ပဏီများဖြစ်သည့် Chery ၊ Geely နှင့် Changanတို့မှာလည်း ရောင်းရအကောင်းဆုံးကုမ္ပဏီ ၁၀ ခုတွင် ပါဝင်လျက်ရှိသည်။
လက်ရှိတွင် Lada မှ ထုတ်လုပ်သည့် မော်တော်ကားများသည် ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့နှင့် စပ်လျဉ်း၍ တရုတ်နှင့် ဗြိတိန်စီးပွားရေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်တွင်ကျင်းပသည်။

တရုတ်နှင့်ဗြိတိန်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စီးပွားရေးဆွေးနွေးပွဲ တစ်ရပ်ကို ခြောက်နှစ်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်တွင် ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်က တရုတ်ဒုတိယဝန်ကြီးချုပ် ဟေလီဖန်နှင့် ဒုတိယသမ္မတ ဟန်ကျန်းတို့နှင့် တွေ့ဆုံစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံအနေဖြင့် အဓွန့်ရှည်တည်တံ့သော ဘဏ္ဍာရေး၊ အရင်းဈေးကွက် ဆက်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် စပ်လျဉ်း၍ အပြန်အလှန်ဖလှယ်မှုများကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆန္ဒရှိကြောင်း ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးကပြောသည်။
ယခုကျင်းပခဲ့သည့် ဆွေးနွေးပွဲသည် တရုတ်နှင့် ဗြိတိန်တို့ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် နှစ်နိုင်ငံကြားရေရှည်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် အရေးပါသည့်ဆွေးနွေးပွဲ တစ်ရပ်ဖြစ်သည်။
တရုတ်နှင့် ဗြိတိန်နိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး စူပါပါဝါနိုင်ငံများဖြစ်ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲကျင်းပနိုင်ခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွားအတွက် အလွန်အရေးပါကြောင်း တရုတ်နိုင်ငံက ပြောကြားထားသည်။ ယခုကျင်းပမည့် ဆွေးနွေးပွဲသည် တရုတ်နှင့် ဗြိတိန်တို့ကြား ၁၁ ကြိမ်မြောက်ကျင်းပသည့် စီးပွားရေး ဆွေးနွေးပွဲဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ယခု ၂၀၂၅ ခုနှစ်တွင် ၇ ရာခိုင်နှုန်းအထိရောက်ရှိလာနိုင်ကြောင်း စင်ကာပူအခြေစိုက် United Overseas ဘဏ်က ခန့်မှန်းထားကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံ၏စီးပွားရေး တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် စတင်အရှိန်အဟုန်မြင့်တက်လာပြီး ယခု ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံ၏ထုတ်လုပ်မှု၊ ပြည်သူများ၏သုံးစွဲမှု၊ နိုင်ငံအတွင်းသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုတို့ကြောင့် နိုင်ငံ့ဂျီဒီပီသည် မြင့်တက်လာနိုင်ခြင်းဖြစ်ကြောင်း United Overseas ဘဏ်ကခန့်မှန်းထားခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဗီယက်နမ်၏ ပို့ကုန်အပေါ်အမှီသဟဲပြုမှု မြင့်တက်လာခြင်းကြောင့် မသေချာမှု၊ မရေရာမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
ထို့ပြင် ဗီယက်နမ်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ်ကာလအများစု အတွင်းဖြစ်ပွားခဲ့သည့် ၄ ဒသမ ၅ ရာခိုင်နှုန်းအောက်တွင်သာ ရှိသောကြောင့် ဗီယက်နမ်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဆိုင်ရာမူဝါဒများကို ဖြေလျှော့ပေးနိုင်မည့် အလားအလာရှိသည်။
ဗီယက်နမ်နိုင်ငံသည် ဝန်ဆောင်မှုကဏ္ဍနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်ရေး ကဏ္ဍများကြောင့် နိုင်ငံ့ဂျီဒီပီမှာ တိုးတက်လာခြင်းဖြစ်သည်။

အစ္စလာမ်မာဘတ် ဇန်နဝါရီ ၉
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ ပါကစ္စတန်အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ် ဂေါ်ဒါဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့ဒေသနိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ စီမံကိန်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးလုပ်ငန်းများဆိုင်ရာ ဝန်ကြီး အာရှန် အိုဗာက ယနေ့ ပြောကြားသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ တည်ဆောက်ထားသည့် ၎င်းဆိပ်ကမ်းသည် ဒေသတွင်းစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိးတိုးတက်မှုကို အကူအညီပေးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၏ တန်ကြေးရှိသည့် ပိုင်ဆိုင်မှုဟု တင်စားခေါ်ဆိုရသည့် ၎င်းဆိပ်ကမ်းသည် ပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် ဗဟိုအာရှနိုင်ငံများအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာခဲ့ပြီး စရိတ်စကနှင့် အချိန်ကုန်သက်သာပြီး ထိရောက်သည့် ကုန်သွယ်ရေးလမ်းကြောင်းကို ဖြစ်လာစေခဲ့ကြောင်း ၎င်းကပြောကြားသည်။
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန်နှင့် စီးပွားရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆိပ်ကမ်းမှတစ်ဆင့် ကုန်သွယ်မှုကို တိုးမြှင့်မည်ဟု သိရသည်။
တရုတ်နိုင်ငံမှ ဆောင်ရွက်သည့် စီးပွားရေးစင်္ကြံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကက်ဂါနှင့် ပါကစ္စတန်ဂေါ်ဒါဆိပ်ကမ်းကို ဆက်သွယ်ထားသောစင်္ကြံတစ်ခုဖြစ်ကာ ၎င်းစီမံကိန်း၏ ပထမအဆင့်တွင် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ကာ အဆင့်သစ်တွင် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နယ်ပယ်များအထိ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။
Source: ကြေးမုံသတင်းစာ
Photo- People's Daily

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါကြေညာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ ကျင်းပခဲ့ သည့် ပွဲသို့ရောက်ရှိနေသည့် Microsoft အမှုဆောင် အရာရှိချုပ် Satya Nadella က ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

Microsoft နည်းပညာကုမ္ပဏီကြီးသည် ၂၀၃၀ ပြည့်နှစ် တွင် အိန္ဒိယနိုင်ငံ၌ AI ကျွမ်းကျင်မှုအတွက် လူပေါင်း ၁၀ သန်းကို လေ့ကျင့်ပေးရန်လျာထားသည် ဟုလည်း သိရသည်။
Microsoft က ၎င်း၏ cloud နှင့် ဉာဏ်ရည်တု ဆိုင်ရာ အခြေခံအဆောက်အဦများကို နိုင်ငံအတွင်းရှိ ဒေတာ စင်တာကျောင်းခွဲများတစ်လျှောက် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယနိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့နေသော AI start-ups များနှင့် သုတေသန အသိုင်းအဝိုင်း၏ အင်တိုက်အားတိုက် တောင်းဆိုချက် များကို ဖြည့်ဆည်းရန်အတွက် ဉာဏ်ရည်တု ကွန်ပျူတာ ဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ကိုးကား - ဆင်ဟွာ