ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ထိုင်ဝမ်တို့မှ တင်သွင်းလာသော ဓာတုဗေဒပစ္စည်းများ တင်သွင်းမှုအပေါ် ယာယီအခွန်စည်းကြပ်ရန် တရုတ်ကဆုံးဖြတ်ခဲ့သည်။
Polyformaldehyde Copolymer နှင့်ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုထိန်းချုပ်ရေး စီမံချက်သည် လာမည့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်နေ့ တွင်ပြောကြားခဲ့သည်။ အဆိုပါကုန်ပစ္စည်းကို မော်တော်ယာဉ်အစိတ်အပိုင်းများမှ အီလက်ထရွန်းနစ်ပစ္စည်းများအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါသည်။
စုံစမ်းစစ်ဆေးမှုတစ်ခု၏ တွေ့ရှိချက်များအရ ထိုကဲ့သို့ သော တင်သွင်းမှုများကြောင့် သွင်းကုန်များ ရင်းနှီးမြှုပ်နှံခြင်းနှင့် ဆက်စပ်ပြည်တွင်းစက်မှုလုပ်ငန်းများကို ကြီးမားသောထိခိုက်မှုများ ဖြစ်စေခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
သွင်းကုန်လုပ်ငန်းရှင်များသည် ကုန်ပစ္စည်းများ ဝယ်ယူသည့်အခါတွင် တရုတ်အကောက်ခွန်ဌာန၌ ကြိုတင်အပ်ငွေထားရှိရန်လိုအပ်ကြောင်း ဈေးလျှော့ချ တင်သွင်းမှုတိုက်ဖျက်ရေးအတွက် ကြိုတင်အပ်ငွေပမာဏသည် ၎င်းပစ္စည်းထုတ်သည့်နိုင်ငံပေါ် မူတည်ပြီး ၃.၈ ရာခိုင်နှုန်းမှ ၇၄.၉ ရာခိုင်နှုန်းအထိ ရှိကြောင်းလည်း အဆိုပါဝန်ကြီးဌာနကပြောပါသည်။
တရုတ်နိုင်ငံသို့ အမေရိကန်မှ ဈေးနှုန်းသက်သာသော ချစ်ပ်အဟောင်းများ တင်ပို့ရောင်းချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကိုစတင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုမှု မစတင်မီ ရက်ပိုင်းအလိုတွင် အဆိုပါစီမံချက်ထွက်ပေါ်လာခြင်း ဖြစ်ပြီး တရုတ်နိုင်ငံလုပ်လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်မှုနှင့်အခြားကိစ္စရပ်များအတွက် တရုတ်နိုင်ငံသည် EU နှင့်လည်း ပွတ်တိုက်မှုများ ဖြစ်ပွားလျက် ရှိသည်။
ကိုးကား-NHK World