တောင်ကိုရီးယား၏ ပြည်ပပို့ကုန်တင်ပို့မှု ပြန်လည်မြင့်တက်လာပြီး ဘဏ်များ၏ စုပေါင်းအသားတင်ဝင်ငွေမှာ ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံခန့်အထိမြင့်တက်
တောင်ကိုရီးယားနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်၏ မတ်လ ၁၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ပနိုင်ငံများ၏ ဓာတုထုတ်ကုန်ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေး ကိရိယာများအတွက် ဝယ်လိုအားမြင့်တက် လာမှုကြောင့် ပို့ကုန်တင်ပို့မှု အညွှန်းကိန်းသည် ဖေဖော်ဝါရီလ အတွင်း၌ ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ၁၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းလာပြီးနောက် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် လအတွင်းက ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနက် ဓာတုပစ္စည်းတင်ပို့မှုသည် ပြန်လည်မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံအတွင်းရှိဘဏ်များ၏ စုပေါင်းအသားတင်ဝင်ငွေမှာ ၂၂ ဒသမ ၄ ထရီလီယံ (ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံခန့်) အထိမြင့်တက်လာသည်။
တောင်ကိုရီးယားနိုင်ငံသည် အခြားနိုင်ငံများသို့ ဓာတုထုတ်ကုန်များ၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် အခြားအရေးပါသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်တင်ပို့လျက်ရှိသည်။
Source: https://myawady.net.mm/