ရုရှားနိုင်ငံ၏စီးပွားရေးကို မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်သည့် အနောက် အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း လွန်ခဲ့သည့် နှစ်တွင် ရုရှားဘီလျံနာအရေအတွက်မှာ တိုးလာခဲ့ကြောင်း Forbes World's Billionaires စာရင်းအရသိရသည်။ ထို့ပြင် (၂၀၂၅) ခုနှစ်၏ နှစ်စဉ်ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် ရုရှားနိုင်ငံသားအသစ် (၁၅) ဦး၏ နာမည်များပါဝင်လာခဲ့ပြီး စုစုပေါင်း ရုရှားဘီလျံနာ (၁၄၆) ဦးဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။

ရုရှား၏ ဘီလျံနာအသစ်များသည် မတူညီသောနောက်ခံများမှလာကြပြီး ကိုယ်တိုင်ဆန်းသစ်တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမွေဆက်ခံ သူများပါဝင်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့၏လုပ်ငန်းများသည် ကျောက်မီးသွေး၊ ငွေကြေး၊ IT၊ ဆေးဝါးများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ အစားအစာထုတ်လုပ်ရေး၊ အိမ်ရာ၊ ကုန်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်တို့ကို ကိုယ်စားပြုထားကြောင်း ဖော်ပြ ချက်များအရ သိရသည်။
ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် အသစ်ဝင်ရောက်လာသူများ၌ ဆေးဝါး ကုမ္ပဏီ Pharmasyntez ၏ တည်ထောင်သူ အိန္ဒိယနွယ်ဖွား ဗစ်ခရမ်ပူနီရာသည် အချမ်းသာဆုံးဖြစ်ပြီး ၎င်း၏ချမ်းသာကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ (၂ ဒသမ ၁) ဘီလီယံရှိကြောင်းသိရသည်။ အခြား ဘီလျံနာများတွင် Lyudmila Kogan ကအမေရိကန်ဒေါ်လာ(၁ ဒသမ ၃) ဘီလီယံ၊ Miratorg ကုမ္ပဏီ၏ တည်ထောင်သူညီအစ်ကိုဖြစ်သည့်အလက်ဇန်းဒါးနှင့်ဗစ်တောလင်းနစ်သည် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃) ဘီလီယံ၊ဆော့ဖ်ဝဲလ်ကုမ္ပဏီ 1C တည်ထောင်သူ Boris Nuraliev သည် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃ ဘီလီယံ)တို့ပါဝင်ကြောင်း သိရသည်။ အဆိုပါဘီလျံနာအသစ်များနှင့်အတူ ဘီလျံနာအသစ်အဆင့် သတ်မှတ်ချက် တွင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာအဆင့်(၅)နေရာတွင် ရပ်တည်လျက် ရှိကြောင်းသိရသည်။
ကိုးကား-NP News

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်းကို ၁၀၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးခေါင်းဆောင် ကာရိုလိုင်းလီဗစ်ကသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား အတည်ပြု ပြောကြား လိုက်ပါသည်။
“ဧပြီ ၉ ရက် ညသန်းခေါင်ယံမှာ တရုတ်နိုင်ငံအပေါ် ၁၀၄% အခွန် စည်းကြပ်မှု အကျိုးသက်ရောက်မှု စတင်မည်ဖြစ်ပါသည်” ဟု လီဗစ်က ပြောကြားခဲ့သည်။
ကိုးကား- TASS/CNN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်ကုန်ပစ္စည်းအပေါ် ဒေါ်နယ်ထရမ့်က အခွန် ၁၀၄ % အထိ စည်း ကြပ်မည့် အရေးယူမှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရှိသူ Lin Jian က ပြောကြားလိုက်ပါသည်။
“မိမိတို့၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ပြင်းထန်သည့် အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း” Lin Jian က သတင်းစာရှင်းလင်းပွဲတွင် ထရမ့်၏ အခွန်မူဝါဒများအပေါ် မှတ်ချက်ပြု ပြောကြားလိုက်ပါသည်။

ဧပြီ ၂ ရက်က ဒေါ်နယ်ထရမ့်သည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ တင်သွင်း လာသည့်ကုန်ပစ္စည်းများအပေါ် အနည်းဆုံး အခြေခံအခွန် ၁၀ % စည်း ကြပ်ရန် ကြေညာလိုက်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံအပေါ် အထူး သီးသန့် အခွန်အဖြစ် ၃၄ % ချမှတ်ထားကြောင်း အတည်ပြု ပြောကြား ထားပါသည်။
ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် ဧပြီ ၁၀ ရက်မှစ၍ အမေရိကန်ကုန်ပစ္စည်းအားလုံးအပေါ် အခွန်စည်းကြပ်ကန့်သတ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
ထို့နောက် ဒေါ်နယ်ထရမ့်က တရုတ်နှင့် အမေရိကန်အကြား ဆောင်ရွက်မည့် ကုန်သွယ်ရေး သဘောတူညီမှု မချုပ်ဆိုမီအထိ တရုတ်ပစ္စည်းများအပေါ် ၁၀၄ % အထိ အခွန်စည်းကြပ်မှု ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကိုးကား- TASS/ Reuters

တနင်္လာနေ့ (ဧပြီ ၇) က အမေရိကန်စတော့ဈေးကွက် ဆိုးရွားစွာ ကျဆင်းခဲ့ပြီးနောက် အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ သမ္မတ Trump က တင်သွင်းကုန်အားလုံးကို အကောက်ခွန်တိုးမြှင့်ခြင်းအပြင် တရုတ် နိုင်ငံပေါ် ပိုမိုမြင့်မားသည့် အခွန်စည်းကြပ်မှုများ ချမှတ်ရန် ခြိမ်းခြောက် လိုက်ခြင်းကြောင့် ကုန်သွင်းရေးစစ်ပွဲ ရှည်လျားလာမည့် အရေးကို စီးပွားရေးဆိုင်ရာကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိကြသည်။

ဒေါင်းဂျုန်းအညွှန်းကိန်း (Dow Jones) သည် တနင်္လာနေ့ (ဧပြီ ၇) ၌ တစ်ရက်အတွင်း ၁,၂၀၀ ပွိုင့် (သို့) ၃% အထိ ကျဆင်းခဲ့ပြီး၊ လွန်ခဲ့သောသီတင်းပတ်က ဆက်တိုက် ၁,၅၀၀ ပွိုင့်ကျဆင်းမှုနှင့်အတူ သမိုင်းတလျှောက် ပထမဆုံးအကြိမ် နှစ်ရက်ဆက် အဆိုးရွားဆုံး ကျဆင်းမှုကို ရင်ဆိုင်ခဲ့ရပါသည်။ Standard & Poor's 500 Index သည် ၄.၇% အထိ ကျဆင်းကာ Nasdaq သည်လည်း ၃% ကျဆင်းပြီး Bear market အတွင်းသို့ ခေတ္တမျှကျဆင်းသွားခဲ့ပါသည်။
ယင်းနေ့ နေ့လယ်ပိုင်း၌ စတော့များ အနည်းငယ်ပြန်တက်လာပြီး အစောပိုင်း ဆုံးရှုံးမှုများကို ပြန်ဖြည့်နိုင်ခဲ့ပါသည်။ ဒေါင်းဂျုန်းသည် ၃၄၉ ပွိုင့်နိမ့်ကျပြီး ဈေးပိတ်ခဲ့ကာ၊ S&P 500 နှင့် Nasdaq သည် သုည အမှတ်နှင့် အနည်းငယ်တက်ပြီး ဈေးပိတ်ခဲ့ပါသည်။
စနေနေ့(ဧပြီ ၆)က Trump ၏ တဖက်သတ် ၁၀% အကောက်ခွန်သစ် စတင်အသက်ဝင်လာခဲ့ပြီး၊ ထိုရက်ပိုင်းအတွင်း ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်မှုလာမည်ဟု မျှော်လင့်ထားသူများ စိတ်ပျက်ခဲ့ရသည်။ တရုတ် အစိုးရကလည်း ပြန်လည်တုန့်ပြန်ခဲ့ပြီး Trump က ပိုမိုပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်မည်ဟု ပြောဆိုခဲ့ပါသည်။
“တရုတ်နိုင်ငံသည် ၎င်းတို့၏ရေရှည်ကုန်သွယ်ရေး အလွဲသုံးစားမှုများ အပေါ် ၃၄% တိုးမြှင့်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့အထိ ရုပ်သိမ်းခြင်းမရှိပါက အမေရိကန်ပြည်ထောင်စုက ဧပြီလ ၉ ရက်နေ့၌ ၅၀% အပိုအကောက်ခွန်များ ထပ်မံကျင့်သုံးမည်” ဟု Trump က တနင်္လာနေ့ (ဧပြီ ၇) က Truth Social ပေါ်၌ ရေးသားခဲ့ပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှားနိုင်ငံနှင့် အမေရိကန်အကြား ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး နှင့် စီးပွားရေးဆက်ဆံရေးတို့မှာ လက်ရှိအချိန်မှာ လုံးဝနီးပါး မရှိတော့ ပါကြောင်း၊ အမေရိကန်၏ အခွန်စည်းကြပ်မှုစည်းမျဉ်းများ အောက်တွင် ထိခိုက်ခံရသည့်နိုင်ငံများစာရင်းတွင် ရုရှားမပါဝင်သည်မှာ အထူးအဆန်း မဟုတ်ကြောင်း ကရင်မလင်ပြောခွင့်ရ Dmitry Peskov က TASS သတင်းဌာနမေးခွန်းကို ဖြေကြားလိုက်ပါသည်။

“အမေရိကန်၏ အခွန်စည်းကြပ်မှုများက မိမိ(ရုရှား)တို့အတွက် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပါ၊ ကမ္ဘာ့စီးပွားရေးကတော့ အဆိုပါ အဆုံး အဖြတ်များကြောင့် အလွန်အမင်း ထိတ်လန့်မှုများနှင့် တုံ့ပြန်နေကြသည် ကို တွေ့ရပါကြောင်း၊ ရုရှားသမ္မတနှင့်အစိုးရတို့၏ ကျွမ်းကျင်သည့် လုပ်ဆောင်မှုများကြောင့် ယခုအချိန်မှာတော့ မိမိတို့၏ စီးပွားရေးသည် တည်တည်ငြိမ်ငြိမ်ဖြင့် သိသိသာသာ တိုးတက်နေပါကြောင်း” ၎င်းက ဖြေကြားထားပါသည်။
ဧပြီလ ၂ ရက်က ဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ တင်သွင်းလာသော ကုန်စည်များအပေါ် ၁၀ % အခြေခံအခွန်အဖြစ် ချမှတ်ရန် ကြေညာခဲ့ပြီး ထိုအခွန်သည် နိုင်ငံတော်တော်များများအတွက် ပိုမိုမြင့်မားသော အခွန် နှုန်းထားများ ဖြစ်လာနိုင်ပြီး တန်ပြန်တုံ့ပြန်မှု ပြုလုပ်ရန် လုပ်ဆောင်နေ ကြပါသည်။
ကိုးကား- ကရင်မလင်
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira သည် ယခုအပတ်တွင် ဝါရှင်တန်သို့ သွားရောက်ပြီး အမေရိကန်အစိုးရ နှင့်တွေ့ဆုံကာ ထိုင်းသွင်းကုန်များအပေါ် အခွန် ၃၆ % စည်းကြပ်မည့် ကိစ္စဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ရှင်နဝတ်ထရာက ပြောကြားထားပါသည်။
ထိုင်းနိုင်ငံမှ အမေရိကန်သို့ အဓိကတင်ပို့နေသော အီလက်ထရောနစ် ပစ္စည်းများ၊ ထုတ်ပိုးပြီးအစားအသောက်များနှင့် စိုက်ပျိုးရေး ထုတ်ကုန် များအပေါ် ဒေါ်နယ်ထရမ့်က အခွန် အခွန် ၃၆ % အထိ စည်းကြပ်ခံ ရမည့် အန္တရာယ်ရှိကြောင်း ရှင်နဝတ်ထရာက အတည်ပြု ပြောကြားထား ပါသည်။

ထိုင်းအနေဖြင့် အမေရိကန်နှင့် ထိပ်တိုက်ဆက်ဆံမှုအဆင်ပြေစေရန် အမေရိကန်ထုတ် လျှပ်စစ်စွမ်းအင်ထုတ်ကုန်များ၊ လေယာဉ်များ၊ စိုက်ပျိုးထုတ်ကုန်များကို ပိုမိုဝယ်ယူရန် ပြင်ဆင်နေပါကြောင်း သူမက ထပ်လောင်းပြောကြားထားပါသည်။
ဧပြီလ ၂ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ တင်သွင်းလာသော ကုန်စည်များအပေါ် ၁၀ % အခြေခံအခွန်အဖြစ် ချမှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုအခွန်သည် အချို့သော နိုင်ငံများအတွက် ပိုမိုမြင့်မားသော အခွန်နှုန်းထားများ ဖြစ်လာနိုင်ပြီး ထိုင်းအပါအဝင် အချို့ထုတ်ကုန်အပေါ် ၃၆ % အထိ အခွန်စည်းကြပ် ခံနိုင်ဖွယ် ရှိနေကြောင်း သိရပါသည်။
ကိုးကား- TASS

အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြားတွင် နိုင်ငံရေးတင်းမာမှုများ ဆက်တိုက် ဖြစ်ဖော်နေသည့်အချိန်၌ အီရန်ငွေကြေး ရီယယ်က စံချိန်တင် ကျဆင်းမှုများဖြစ်နေပါသည်။ ဧပြီ ၅ ရက် က ပေါက်ဈေးဆိုရင် ကန် ၁ ဒေါ်လာကို ရီယယ် ၁,၀၄၃,၀၀၀ အထိဖြစ်ခဲ့ပါသည်။

ပါရှန်နှစ်သစ်ကူးကာလတွင် ရီယယ်သည် ၁ သန်းကျော် ကျဆင်းသွားခဲ့ပြီး ငွေကြေးဆိုင်များပိတ်ကာ လမ်းများပေါ်တွင်သာ အလွတ်သဘော ရောင်းဝယ် ဖောက်ကားမှုများကြောင့် စျေးကွက်အပေါ် ထပ်လောင်း ဖိအားများ ဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော် ကုန်သည်များသည် ဧပြီ ၅ ရက်တွင် အလုပ်ပြန်စသည်နှင့်အမျှ နှုန်းထားသည် တစ်ဒေါ်လာလျှင် ၁,၀၄၃,၀၀၀ သို့ ပို၍ကျဆင်းသွားပြီး အနိမ့်ဆုံးသို့ ရောက်ရှိသွားပါသည်။
အီရန်နိုင်ငံ၏ ငွေကြေးဖလှယ်မှု၏ ဗဟိုချက်ဖြစ်သော တီဟီရန်မြို့ရှိ ဖာဒိုးဆီလမ်းတွင် အချို့သော ကုန်သည်များသည် ရီယယ် မည်မျှအထိ ကျဆင်းနိုင်သည်ကို မသေချာသဖြင့် ငွေလဲ နှုန်းထားပြသသည့် အီလက်ထရွန်နစ် ဆိုင်းဘုတ်များကိုပင် ပိတ်လိုက်ကြပါသည်။
ကိုးကား-အင်တာနက်စာမျက်နှာ

နှုန်းထားမြင့်မားသောစည်းကြပ်ခွန်နှင့် နောက်ဆက်တွဲပေါ်ပေါက်လာမည့် ကုန်သွယ်ရေးတင်းမာမှုများက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ထိခိုက်စေနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုထက် ဆုတ်ယုတ်ကျဆင်းမှုဆီသို့သာ တွန်းပို့လိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းစီးပွားရေးပညာရှင်တစ်ဦးက သတိပေးခဲ့သည်။ စည်းကြပ်ခွန်များက သွင်းကုန်များအပေါ် ကုန်ရောင်းခွန်ပုံစံတစ်မျိုးဖြင့် အစိုးရ၏ အခွန်ဘဏ္ဍာကို တိုးပွားစေနိုင်သော်လည်း ယင်းအခွန်အကောက်များက သွင်းကုန်စရိတ်စကများကို မြင့်တက်စေသလို စားသုံးသူများက ဈေးနှုန်းပိုမိုမြင့်မားဖွယ်ရှိသော ပြည်တွင်းမှ အခြားရွေးချယ်စရာများကို ပြောင်းလဲအာရုံစိုက်လာသည့်အတွက် ငွေကြေးဖောင
နှုန်းထားမြင့်မားသောစည်းကြပ်ခွန်နှင့် နောက်ဆက်တွဲပေါ်ပေါက်လာမည့် ကုန်သွယ်ရေးတင်းမာမှုများက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ထိခိုက်စေနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုထက် ဆုတ်ယုတ်ကျဆင်းမှုဆီသို့သာ တွန်းပို့လိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းစီးပွားရေးပညာရှင်တစ်ဦးက သတိပေးခဲ့သည်။ စည်းကြပ်ခွန်များက သွင်းကုန်များအပေါ် ကုန်ရောင်းခွန်ပုံစံတစ်မျိုးဖြင့် အစိုးရ၏ အခွန်ဘဏ္ဍာကို တိုးပွားစေနိုင်သော်လည်း ယင်းအခွန်အကောက်များက သွင်းကုန်စရိတ်စကများကို မြင့်တက်စေသလို စားသုံးသူများက ဈေးနှုန်းပိုမိုမြင့်မားဖွယ်ရှိသော ပြည်တွင်းမှ အခြားရွေးချယ်စရာများကို ပြောင်းလဲအာရုံစိုက်လာသည့်အတွက် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု လန်ဒန် ဘောဂဗေဒနှင့် နိုင်ငံရေးသိပ္ပံတက္ကသိုလ်မှ စီးပွားရေးပညာရှင် အင်းဘက်ဂ်က ဆိုသည်။
စည်းကြပ်ခွန်များကြောင့် ပိုမိုကျွမ်းကျင်သော နိုင်ငံတကာကုန်ပစ္စည်းပေးသွင်းသူများဆီမှ ကျွမ်းကျင်မှု ပိုနည်းသော ပြည်တွင်းထုတ်လုပ်သူများဆီသို့ ထုတ်လုပ်မှုပြောင်းလဲခြင်းက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ထိခိုက်စေသလို စီးပွားရေးတိုးတက်မှုကိုလည်း ပိုမိုအဟန့်အတား ဖြစ်စေမည်ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နှုန်းထားမြင့်မားသော စည်းကြပ်ခွန်များနှင့် နောက်ဆက်တွဲကုန်သွယ်ရေးစစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဆိုးကျိုးဖြစ်ပေါ်စေသည့် အလေ့အထရှိကြောင်း အဆိုပါ စီးပွားရေးပညာရှင်က ဆိုသည်။ ယင်းက စီးပွားရေးတိုးတက်မှုထက် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုနှင့် အကျဘက်ဆီသို့သာ တစ်စတစ်စ ဦးတည်စေဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် စည်းကြပ်ခွန်များက အထူးသဖြင့် ကနေဒါမှ စက်ပစ္စည်းအစိတ်အပိုင်းများကို မှီခိုနေရသော အမေရိကန် မော်တော်ယာဉ်ထုတ်လုပ်သူများကဲ့သို့ နယ်စပ်ဖြတ်ကျော် တင်သွင်းသည့် အစိတ်အပိုင်းများအပေါ် အားထားနေရသည့် လုပ်ငန်းများအပါအဝင် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ကွင်းဆက်များကို အကြီးအကျယ်ထိခိုက်စေနိုင်သည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း သည် Apple၊ Pfizer၊ Brookfield၊ Medtronic၊ Mastercard၊ Eli Lilly၊ Cargill၊ Corning စသည့် နာမည်ကျော် နိုင်ငံစုံကုမ္ပဏီများမှ တာဝန်ခံများနှင့် မတ် ၂၃ ရက် ညနေပိုင်းက တွေ့ဆုံပြီး ကမ္ဘာလုံးဆိုင်ရာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေး စသည်နှင့်စပ်လျဉ်း၍ အမြင်သဘောချင်း ဖလှယ်ခဲ့ကြသည်။

ဟယ်လိဖုန်းက တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခံနိုင်ရည်စွမ်းအားကောင်းမှု၊ အလားအလာကြီးမားမှု၊ တက်ကြွ စွမ်းအားပြည့်ဝမှုရှိကြောင်း၊ တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို မပြောင်းမလဲခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်သလို ပြည်ပအဆင့်မြင့်တံခါးဖွင့်လှစ်ရေးကို တိုးချဲ့သွားမည်ဖြစ်ပြီး စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ တရုတ်နိုင်ငံတွင် နိုင်ငံစုံကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်၊ တိုးတက်မှုအခွင့်အလမ်းများ မျှဝေခံစားရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- New China

ကမ္ဘာ့စီးပွားရေးအခင်းအကျင်းသည် ငွေကြေးပေါင်းစုံသုံးစွဲသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးနေ ပြီဖြစ်သည်နှင့်အညီ တရုတ်နိုင်ငံ၏ ယွမ် ငွေကြေးကို နိုင်ငံတကာသုံးငွေကြေး ဖြစ်လာစေရန် အစဉ်တစိုက် ကြိုးပမ်းချက်များနှင့် နည်းပညာပြောင်းလဲလာမှုများသည် စီးပွားရေးပညာရှင်များက နည်းပညာဦးဆောင်မှုနေရာ အပြောင်းအလဲများကြောင့် အမေရိကန် ဒေါ်လာ၏ကြီးစိုးမှု လျော့ကျလာပြီဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့ (မတ် ၂၄) က စီးပွားရေးပညာရှင်များက သုံးသပ်ထားကြပါသည်။

ကုန်သွယ်မှုများတွင် တရုတ်ယွမ်ငွေအသုံးပြုမှုသည် လွန်ခဲ့သည့် ၁၀ နှစ် အတွင်း ၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်အသုံးပြုလာနိုင်ပြီး တရုတ်ကုန်စည်စီးဆင်းမှုစုစုပေါင်း၏ ထက်ဝက်ခန့်ကို တရုတ်ယွမ်ငွေ ဖြင့် ငွေပေးချေမှုပြုလုပ်နေပြီ ဖြစ်ကြောင်း လန်ဒန်စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ Jin Keyu က ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။
စီးပွားရေးအချက်အလက်များအရ ဒေါ်လာတန်ဖိုးသည် တဖြည်းဖြည်း ကျဆင်းနေပြီဖြစ်ပြီး ဒေါ်လာကို သီးသန့်ငွေကြေးအဖြစ် ထားရှိမည့်အစား ယွမ်ငွေထားရှိမှုသည် ၂ ရာခိုင်နှုန်းမှ ၁၁ ရာခိုင် နှုန်းအထိ ခုန်တက်ခဲ့ကြောင်းနှင့် ရေရှည်တွင်ငွေကြေးပေါင်းစုံသုံးစွဲသည့်စနစ်သို့ ပြောင်းလဲလာမည်ဖြစ်သည်ကို စီးပွားရေးပညာရှင်များအားလုံးက ဂရုပြုနေပြီဖြစ်ကြောင်း လန်ဒန်စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ Keyu က ထပ်မံ ပြောကြားခဲ့ပါသည်။
ကိုးကား-South China Morning Post
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃